Latest News

Saturday, March 4, 2017

စိုင်းစိုင်းခမ်းလှိုင် ဘန်ကောက်ကို ရောက်နေပြီ

စိုင်းစိုင်းခမ်းလှိုင် ဘန်ကောက်ကို ရောက်နေပြီ


ထိုင်းရုပ်ရှင်ဆုပေးပွဲကို တက်ရောက်ဖို့ ဖြစ်ပါတယ်။

အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ကတော့ ထိုင်းရုပ်ရှင်ဆုပေးပွဲကို တက်ရောက်ဖို့ ဘန်ကောက်မြို့ကို ရောက်ရှိလို့ နေပါပြီ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်မယ့် Thailand National Film Associa-tion Awards ဆုပေးပွဲကတော့ (၂၆)ကြိမ်မြောက် ပြုလပ်တဲ့ ပွဲဖြစ်ပြီး မတ်လ(၅)ရက်နေ့ K-Bank Siam PicGanesha Theater တွင် ကျင်းပမှာ ဖြစ်ပါတယ်။
စိုင်းစိုင်းခမ်းလှိုင်ကတော့  From Bangkok to Mandalay ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုနဲ့ ဆန်ခါတင် ငါးဦးစာရင်းထဲမှာ ပါဝင်လို့နေပါတယ်။ စိုင်းစိုင်းလိုပဲ နေတိုးကလည်း အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု ငါးဦးစာရင်းထဲမှာ ပါဝင်ပါတယ်။

အဲ့လိုနှစ်ဦးစလုံး အကယ်ဒမီ ဆန်ခါတင်စာရင်းထဲ ပါဝင်နေပေမယ့် စိုင်းစိုင်းကတော့ သူအကယ်ဒမီ မရနိုင်ကြောင်းနဲ့ နေတိုးကို အကယ်ဒမီရစေချင်ကြောင်း သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားပါသေးတယ်။

"ဆုရဖို့တော့ ကျွန်တော်အနေနဲ့မမျှော်လင့်နိုင်ပါ။ ထိုင်းနိုင်ငံက ဇာတ်ကားတွေအများကြီး သရုပ်ဆောင်တွေအများကြီးကြားထဲမှာ ကျွန်တော့်ကို အသိအမှတ်ပြု ဆန်ခါတင်ရွေးတာပဲ အတိုင်းထက်အလွန်ပါဗျာ။ Nominee ငါးနေရာပါတာမို့ တခြားဆုတွေတော့ ရနိုင်တယ်လို့ မျှော်လင့်မိပါတယ်။ အထူးသဖြင့် ကိုနေတိုး ရပါစေလို့ ဆုတောင်းပါတယ်ဗျ။" လို့ သူရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။


ဘန်ကောက်မှမန္တလေး ရုပ်ရှင်ဇာတ်ကားဟာ  Thailand National Film Association Awards မှာ အမျိုးသားဇာတ် ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ဝင် တေးသီချင်းဆု၊ ဇာတ်ညွှန်းဆုနှင့် တေးဂီတဆုများ ဆန်ခါတင်စာ ရင်းဝင်ခဲ့ပါတယ်။ သရုပ်ဆောင် ဝတ်မှုံရွှေရည်လည်း အဲ့ဒီပွဲကို တက်ရောက်ဖို့အတွက် ဘန်ကောက်ကိုရောက်ရှိနေပါပြီ။ From Bangkok To Mandalay ရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်းဇာတ်ညွှန်း ဒါရိုက်တာ ထိုင်းလူမျိုး ဖြစ်တဲ့ Chartchai Ketnust ကရိုက်ကူးထားပြီး နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ဝတ်မှုံရွှေရည် နဲ့ ထိုင်းမင်းသမီး Pilaiporn Supinchompoo တို့က အဓိက ပါဝင်သရုပ်ဆောင်ထားဖြစ်ပါတယ်။
Source : From Bangkok to Mandalay: Duwun
Photo  : Sai Sai facebook

No comments:

Post a Comment