Latest News

Thursday, March 9, 2017

မထင်မှတ်ထားတဲ့ရလဒ်ယူပြီးဘာစီလိုနာအသင်းကွာတားဖိုင်နယ်တက်ခဲ့

မထင်မှတ်ထားတဲ့ရလဒ်ယူပြီးဘာစီလိုနာအသင်းကွာတားဖိုင်နယ်တက်ခဲ့

ဥရောပချန်ပီယံလိဂ်(၁၆)သင်းအဆင့်ဒုတိယအကျော့ပွဲတွေကိုဗုဒ္ဒဟူးနေ့ကဆက်ကစားရာမှာဘာစီလိုနာကပီအက်စ်ဂျီကို(၆)ဂိုး(၁)ဂိုးနဲ့အနိုင်ရပြီးကွာတားဖိုင်နယ်တက်သွားခဲ့ပါတယ်။ပထမအကျော့ကပြင်သစ်မြေမှာ(၄)ဂိုးပြတ်ရှုံးနိမ့်ထားတဲ့ဘာစီလိုနာဟာအိမ်ကွင်းနူးကမ့်မှာအကောင်းဆုံးခြေစွမ်းပြန်ရခဲ့သလိုကံတရားရဲ့ဖေးမမှုလည်းရခဲ့တာပါ။ပွဲအစ(၃)မိနစ်မှာတင်ဆွာရက်ဇ်ကဦးဆောင်ဂိုးသွင်းနိုင်ခဲ့သလိုမိနစ်(၄၀)မှာပီအက်စ်ဂျီနောက်ခံလူကာဇာဝါကိုယ့်ဂိုးကိုယ်သွင်းမိခဲ့လို့ဒုတိယဂိုးရပါတယ်။ပွဲချိန်မိနစ်(၅၀)မှာလည်းမက်ဆီကပင်နယ်တီကနေတတိယဂိုးသွင်းယူပြီး(၆၂)မိနစ်မှာကာဗာနီကပီအက်စ်ဂျီအတွက်တစ်ဂိုးပြန်ချေပနိုင်ခဲ့ပါတယ်။အဲဒီနောက်ဘာစီလိုနာကပဲဆက်လက်ဖိအားပေးခဲ့ပြီးပွဲပြီးခါနီးအချိန်တွေမှာနေမာကပင်နယ်တီအပါအ၀င်(၂)ဂိုးနဲ့ဆာဂျီရော်ဘတ်တိုကတစ်ဂိုးသွင်းယူပြီး အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။ဥရောပပြိုင်ပွဲသမိုင်းမှာနှစ်ပေါင်း(၆၁)နှစ်အတွင်းပထမအကျော့(၄)ဂိုးပြတ်အရှုံးကိုဒုတိယအကျော့မှာချေဖျက်နိုင်ခဲ့တဲ့ပထမဆုံးအသင်းအဖြစ်လည်းဘာစီလိုနာအသင်းမှတ်တမ်းဝင်သွားခဲ့ပါတယ်။

Central News Bureau

No comments:

Post a Comment