Latest News

Thursday, March 9, 2017

သေဒဏ်ချမှတ်ခံ မြန်မာလုပ်သားနှစ်ဦးအတွက် အဆင့်မြင့်တရားရုံး အယူခံ ထပ်မံတင်သွင်းမည်

သေဒဏ်ချမှတ်ခံ မြန်မာလုပ်သားနှစ်ဦးအတွက် အဆင့်မြင့်တရားရုံး အယူခံ ထပ်မံတင်သွင်းမည်

လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ချမှတ်ခံထားရသော မြန် မာလုပ်သားနှစ်ဦးအတွက်အဆင့် မြင့်တရားရုံး (High Court)အယူ ခံကို သုံးလအတွင်း တင်သွင်း မည်ဖြစ်ပြီး လာမည့်အယူခံရုံးသည် ကောင်းမွန်သည့်ရလဒ်များထွက်လေ့ရှိသောကြောင့် မြန်မာပြည်သူများ စိတ်မပူကြရန် မြန်မာလုပ်သားနှစ်ဦးအရေးကို အကျိုးဆောင်ပေးနေသော ထိုင်း နိုင်ငံရှေ့နေများကောင်စီဒုဥက္ကဋ္ဌ  Mr.Damrongsak Kruakeawက ပြောကြားခဲ့သည်။

 သေဒဏ်ကျခံမြန်မာလုပ် သားနှစ်ဦးအရေးနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံရှေ့နေများကောင်စီအ ဖွဲ့က မတ်လ ၈ရက်က မြန်မာသံ ရုံးကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ ကာ သတင်းစာရှင်းလင်းပွဲပြုလုပ် ရာ ထိုင်းနိုင်ငံရှေ့နေများကောင်စီ ဒုဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခဲ့ကြောင်း မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့မှ ဦးထူးချစ်က ပြောသည်။

‘‘သူတို့အနေနဲ့ အယူခံပယ် ချလွှာကို ဖတ်နေတယ်။ ဒီလာ မယ့် နှစ်လခွဲလောက်အတွင်းမှာ ဗဟိုအဆင့်မြင့်  အယူခံတရားရုံး မှာ အယူခံတင်သွင်းသွားမယ်။ ထိုင်းရှေ့နေများကောင်စီအနေနဲ့ မြန်မာအစိုးရကို တရားဝင်ပြော တာတော့ မြန်မာပြည်သူပြည် သားတွေကိုရော ပြောလိုက်ပါ။ ကျွန်တော်တို့အနေနဲ့ လိပ်ကျွန်းအ မှုနဲ့ပတ်သက်ပြီးတော့အတတ်နိုင် ဆုံး တရားဥပဒေအရ အကျိုးခံ စားခွင့်ရအောင် ကြိုးစားနေတယ် ဆိုတဲ့အကြောင်း ပြောလိုက်ပါ တယ်။ အခုလာမယ့် ဗဟိုအဆင့် မြင့်တရားရုံးမှာ အမှုအတွက် ကောင်းမွန်တဲ့ရလဒ်တွေ ထွက် အောင်ကြိုးစားပေးမယ်။လာမယ့် ရုံးက အဲဒီလိုရလဒ်တွေလည်း ထွက်လေ့ရှိတယ်။ စိတ်မပူ၊ မစိုး ရိမ်ကြဖို့ပြောတယ်။ သူတို့အတွေ့ အကြုံအရဆိုရင် အဲဒီလို ဖြစ် တတ်တယ်လို့ပြောပါတယ်’’ဟု ဦးထူးချစ်ကပြောသည်။

ထိုင်းနိုင်ငံအယူခံအောက် တရားရုံးက ပယ်ချလိုက်သည့် အယူခံပယ်ချလွှာများကိုလည်း မြန်မာအစိုးရထံ ပေးအပ်လိုက် ကြောင်း ဦးထူးချစ်က ပြောသည်။ ၀င်းဇော်ထွန်းနှင့် ဇော်လင်းတို့သည် လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်အပြစ်ပေးခံထားရသော ကြောင့် အယူခံတင်ပြသော်လည်း ထိုင်းအောက်တရားရုံးက မတ်လ ၁ ရက်၌ အယူခံကိုပယ်ချပြီး သေ ဒဏ်အမိန့်  ထပ်မံအတည်ပြုခဲ့ သည်။

ထိုင်းနိုင်ငံရှေ့နေများ ကောင်စီသည် မြန်မာလုပ်သား နှစ်ဦးအရေးကို အမှုစတင်ဖြစ်ပွား ကတည်းက အခမဲ့အကျိုးဆောင် ရွက်ပေးနေသောအဖွဲ့ဖြစ်သည်။

လိပ်ကျွန်းလူသတ်မှုကြောင့် သေဒဏ်အပြစ်ပေးခံထားရသော မြန်မာလုပ်သားနှစ်ဦးကို ထိုင်းနိုင် ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိ သူများနှင့် FEDအဖွဲ့မှ တာဝန်ရှိ သူများသည် မတ်လ ၈ရက်တွင် မြန်မာလုပ်သားနှစ်ဦးထားရှိသော ဘန်ခွမ်အကျဉ်းထောင်သို့  ထောင်ဝင်စာ   သွားရောက်တွေ့ဆုံခဲ့ကြသည်။

  မြန်မာလုပ်သားနှစ်ဦးကို ထိုင်းအယူခံအောက်တရားရုံးက သေဒဏ်အမိန့်ထပ်မံချမှတ်သည့် အပေါ် နိုင်ငံတော်သမ္မတနှင့်  အ တိုင်ပင်ခံပုဂ္ဂိုလ်တို့က   စိတ်မ ကောင်းဖြစ်နေပြီး အဆင့်မြင့်တ ရားရုံးသို့ အယူခံတင်ပြရန် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်က ညွှန်ကြား ထားသည်။

7Day News Journal

No comments:

Post a Comment