Thursday, March 9, 2017
မြောက်ကိုရီယားနိုင်ငံထဲ ထွက်ဖို့ ပိတ်ခံရတဲ့ မလေးရှားနိုင်ငံသားတွေထဲက ၂ ဦး ပြန်ထွက်
မြောက်ကိုရီယားနိုင်ငံထဲ ကထွက်ခွာဖို့ တားမြစ်ခံထားရတဲ့ မလေးရှား နိုင်ငံသား ၁၁ ဦးထဲက ၂ဦး ဟာ မြောက်ကိုရီယားနိုင်ငံ ထဲကထွက်ခွင့်ရခဲ့တယ်လို့ ကုလသမဂ္ဂကပြောပါတယ်။
နိုင်ငံထဲက ပြန်ထွက်လာသူတွေ ဟာ ကုလသမဂ္ဂ အဖွဲ့ရဲ့လုပ်ငန်းတာဝန်တွေ ဖြစ်တဲ့စားနပ်ရိက္ခာ
အစီစဉ်တွေမှာပါဝင် လုပ်ဆောင်နေသူတွေဖြစ်ပါတယ်။
မြောက်ကိုရီယား နိုင်ငံခေါင်းဆောင် ရဲ့ အကို ကင်ဂျုံနမ် လုပ်ကြံခံရမှုနဲ့ ပက်သက်ပြီးမြောက်ကိုရီယား နဲ့
မလေးရှား နိုင်ငံကြား တင်းမာမှုတွေဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာ မြောက်ကိုရီယားနိုင်ငံက မလေးရှားနိုင်ငံသားတွေကို နိုင်ငံထဲက ထွက်ခွင်မပေးသလို မလေးရှားနိုင်ငံကလည်းမြောက်ကိုရီယားနိုင်ငံသားတွေကို
နိုင်ငံထဲကထွက်မှုကနေ တားမြစ်ခဲ့ပါတယ်။
ကင်ဂျုံနမ်သေဆုံးမှုအတွက်မလေးရှားနိုင်ငံ ဟာမြောက်ကိုရီယား နိုင်ငံ အပေါ် တိုက်ရိုက် ပြစ်တင်မှုမရှိပေ
မယ့် လုပ်ကြံမှုနောက်ကွယ်မှာ ပါဝင်နေတယ်လို့ သံသယရှိနေပါတယ်။
မြောက်ကိုရီယားနိုင်ငံကတော့ ကင်ဂျုံနမ်သေဆုံးမှုနောက်ကွယ်မှာ ပါဝင်ခဲ့တာမရှိဘူးလို့ တုံပြန်ထားပါ
တယ်။ မလေးရှားနိုင်ငံ ဟာမြောက်ကိုရီယားနိုင်ငံဆိုင်ရာ သံရုံးတာဝန်ရှိသူတစ်ဦးကို ခေါ်ယူစစ်ဆေးဖို့
လိုလားနေတဲ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ မြောက်ကိုရီယား သံအမတ်ကြီးကို နိုင်ငံကနေ နှင်ထုတ်ခဲ့ပါတယ်။ ref bbc
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်
မြောက်ကိုရီယားနိုင်ငံထဲ ထွက်ဖို့ ပိတ်ခံရတဲ့ မလေးရှားနိုင်ငံသားတွေထဲက ၂ ဦး ပြန်ထွက်
Reviewed by timeayeyar
on
9:57 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment