Latest News

Friday, March 17, 2017

ယူရိုပါလိဂ် နောက်ဆုံးဗိုလ်လုပွဲအတွက် လက်မှတ်များ စတင်ရောင်းချ

ယူရိုပါလိဂ် နောက်ဆုံးဗိုလ်လုပွဲအတွက် လက်မှတ်များ စတင်ရောင်းချ

ယူရိုပါလိဂ် ဗိုလ်လုပွဲလက်မှတ်တွေကို ဒီကနေ့ စတင်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

ယူရိုပါလိဂ် နောက်ဆုံးဗိုလ်လုပွဲကို လာမယ့် မေလ ၂၄ ရက်နေ့ကျရင် ဆွီဒင်နိုင်ငံရှိ ဖရန့် အရီနာ (Friends Arena) ကွင်းမှာ ကျင်းပမှာပါ။

ဒီကွင်းဟာ ပရိသတ် ၄၈၀၀၀ ဆန့်တဲ့ကွင်း ဖြစ်ပေမယ့် ပြည်ပပရိသတ်တွေအတွက် လက်မှတ်စောင်ရေ  ၃၇၀၀၀ ပဲ ရောင်းချပေးသွားမှာဖြစ်ပြီး လက်မှတ်တန်ဖိုး အနည်းဆုံး ၄၅ ယူရိုကနေ အမြင့်ဆုံး  ယူရို ၁၅၀ ဖြစ်ပါတယ်။

ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမယ့် အသင်းနှစ်သင်းမှ ပရိသတ်တွေအတွက် လက်မှတ်ခွဲတမ်း ၁၀၀၀၀ စီ၊ ပြင်ပပရိသတ်တွေအတွက် လက်မှတ်စောင်ရေ ၁၇၀၀၀ သတ်မှတ်ထားပါတယ်။

အခုရောင်းချတာဟာ ပြင်ပပရိသတ်တွေအတွက်ဖြစ်ပြီး အွန်လိုင်းကတဆင့် ရောင်းချမှာဖြစ်သလို မတ် ၂၈ ရက်နေ့မှာ လက်မှတ်ရောင်းချတာ ပိတ်သိမ်းမှာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment