ဓနုဖြူတွင် ဂက်စ်မီးခြစ်ပေါက်ကွဲရာမှ မီးလောင်မှုဖြစ်
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ကျောင်းစုကျေးရွာရှိ နေအိမ်တအိမ်၌ မီးဖိုအနီးတွင်ထားသော ဂက်စ်မီးခြစ်ပေါက်ကွဲရာမှမီးလောင်မှုဖြစ်ပွားကြောင်းသိရသည်။
၉.၃.၂၀၁၇ မွန်းလွှဲ ၄ နာရီအချိန်ခန့်က အိမ်ရှင်မှာ ထမင်းအိုးတည်ထားပြီး ကွမ်းရွက်သွားဝယ်စဉ် မီးဖိုအနီးရှိဂက်စ်မီးခြစ်မှာ အပူရှိန်လွန် ပေါက်ကွဲမှုဖြစ်ကာ မီးဖိုဂျောင်ထရံကိုစတင်၍ နေအိမ်တခုလုံး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုဖြစ်ပွားစဉ် ဒေသခံရွာသူရွာသားများ ကျောင်းစုနယ်မြေ မီးသတ်တပ်ဖွဲ့ဝင်များ ရဲဝန်ထမ်းများ ဝိုင်းဝန်းငြိမ်းသတ်ရာ ၄း၃၀အချိန်တွင် မီးငြိမ်းသွားပြီး နေအိမ်တလုံးသာ မီးလောင်ဆုံးရှုံးခဲ့ကာ အခြားနေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခြင်းမရှိခဲ့ပေ။
မီးလောင်မှုကြောင့် ဦးစိုးဝင်းနိုင်၏ သွပ်မိုး၊ ထရံကာပြင်ခင်းနေအိမ်(၁)လုံး၊ ကာလတန်ဘိုးငွေ(၅၀၀၀၀ိ/-)ခန့် ပျက်စီးဆုံးရုံးခဲ့ ရသဖြင့် မီးပေါ့ဆစွာသုံးစွဲသူ စိုးဝင်းနိုင်အား ကျောင်းစုနယ်မြေရဲစခန်း(ပ) ၁၀/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဓါတ်ပုံ - ဧရာဝတီတိုင်း ရဲတပ်ဖွဲ့
မောင်ရဲနိုင် (၁၀.မတ်.၂၀၁၇)
The Ayeyarwaddy Times
Subscribe to:
Post Comments (Atom)
No comments:
Post a Comment