Latest News

Friday, March 24, 2017

ရဲချုပ် မဖေါ်ပြရဲသော သတင်းကို ရှင်းလိုက်ပြီ


ကျန်စစ်သားလမ်းနှင့် ရန်ကုန်မန်းလေးလမ်းမကြီးကို ထိပ်တိုက် ထိမိသောလမ်းဖြစ်ကြောင်းဖြစ်ပြီး
အဆိုပါ လမ်းအသစ်ဖောက် လုပ်ထားခြင်းမှာ မကြာသေးသောကာလတခုကပင်ဖြစ်၏၏
ကျန်စစ်သားလမ်းနှင့်တည့်တည့်ဖြစ်သောရန်ကုန်မန္တလေး လမ်းမကြီး၏ အနောက်ဘတ် ကိုက်တစ်ထောင်ကျော်လောက်ခန့်တွင် (ပလဆ ၁ ) နှင့် ( ပလဆ ၂)စစ်လက်နက်တပ်ဆင် ပြုင်ရေးတပ်ရှိပါတယ် အမှန်တကယ် ၄င်းတပ် ဆွယ်ရှိနေကြောင်း စာရေးသူလူငယ်များ တိုင်းတာ တွေ့ရှိရပါတယ်။

ပြီးခဲတဲ့နှစ်ကမှ အသစ်တည်ဆောက်ထားတဲ့ အဆိုပါ တပ်ဆွယ်နှစ်ခု၏
တပ်ဆင်ထုတ်လုပ်သော အဝေးပစ် ရိုင်ဖယ် စက်ပြစ်ကွင်းမှာ ယခု ကျဉ်ဆံထိမှန်ခြင်းခံရသော
ကျန်စစ်သားလမ်းနှင့် တည့်တည့် နီးပါလောက်မှာကို ရှိကြောင်း ကောင်းကင်မှ ရိုက်ကူးသည့် မြေပုံများ၏ တိုင်းတာလေ့လာချက်များဖြင့်သိရှိရ၏။

အဆိုပါ နေ့တွင် စစ်လက်နတ် စမ်းသပ်ပစ်ခတ်သံ အတွဲလိုက် နှင့် တစ်တောင့်ခြင်း ပစ်ခေတ်သံ သဲသဲ ကြားရကြောင်း ကျန်စစ်သားလမ်းတွင် နေထိုင်သူမှ ပြောပြပါသည်။
စစ်လက်နက် ပြုပြင် တည်ဆောက်ရေးတပ်မှ ပစ်ခတ်လိုက်သော ကျဉ်ဆံထိပ်ဖူး စာရေးသူ၏ လူငယ်များမှ ရရှိသော သတင်းပေးပို့ချက်တွင် အဆိုပါ တပ်မှ ထုတ်လုပ်သော ကျဉ်ဆံ အမျိုးစားဖြစ်ပြီး အဆိုပါကျဉ်ဆံအား စစ်ဆေးခဲ့ကြသော စရဖ နှင့် စီအိုင်ဒီတို့မှလည်း တပ်မတော် စစ်လက်နက်ပြုပြင် ထိမ်းသိမ်းရေးမှ ကိုင်တွယ်ပစ်ခတ် စမ်းသပ် သော ကျဉ်ဆံဖြစ်နေပြီး စက်ပစ်ကွင်း ကျဉ်ဆံမှ ကျော်ထွက်ေ၇ာက်ရှိ ထိမှန်ခဲ့ကြောင်း စာရေးသူ တို့ ကောက်ချက် ချနိုင်ခဲ့ကြပါသည်။

မြန်မာနိုင်ငံရဲချုပ် ဦးဇော်ဝင်း၏ ရှုင်းလင်းချက်တွင် အများပြည်သူအား တိကျစွာ ဖြေရှင်းမပြထားပဲ
တပ်မတော်မှ အဆင်ချင်မဲ့ စည်းမဲ့ ကမ်းမဲ့ တည်ဆောက်ထားသည့် သေနတ်ပစ်ကွင်းမှ ကျဉ်ဆံလျံကျော်
ထွက်လာသော ကိစ္စအား ဖုံးကွယ်၍ ဖြေရှင်းခဲ့ကြောင်း စာရေးသူမှ အတိလင်းပြောနိုင်ပြီး မြန်မာနိုင်ငံသူ
 နိုင်ငံသားတို့ အတွက် ပြသာနာအရပ်ရပ်ဖြေရှင်းကိုင်တွယ်ကြရာတွင် ပွင့်လင်းမှု အကြီးကျယ်လိုအပ်နေပြီး ဖြောင့်မတ်မှန်ကန်စွာ ဖြေရှင်းကြ သက်ဆိုင်ရာ အာဏာပိုင်များသို့ သိစေရန်ရေးသားဖေါ်ပြလိုက်ရသည်။

ဂိုလ်ရှယ်လေး

မယုံကြည်ကြသူများ မိမိကိုယ်တိုင် သွားရောက် ကြည့်ရှု့ တိုင်းတာ လေ့လာကြရန်သာ တိုက်တွန်းကြောင်းပါ/
မှတ်ချက်။ ။ ဖြစ်လေ့ဖြစ်ထ မရှိသလောက်ပါ သို့သော် အမှန်တရားမို့ ကျနော် အမှန်ပဲ ရေးပါတယ် 
တပ်မတော်က တာဝန်ခံရမှာပါ ကျဉ်ဆံထိပ်ဖူးက တပ်မတော်ထုတ် ထိပ်ဖူးပါ နိုင်ငံခြားက တင်သွင်းလာတဲ့ ကျဉ်ဆံ မဟုတ်ကြောင်း စစ်ဆေးရေး အဖွဲ့ မှတ်တမ်းက သက်သေခံပါတယ်။
ဂိုလ်ရှယ်လေး
မိုက်ရိုင်းစွာ ဆဲဆိုပါလျင် ဖြုတ်ထုတ် ဘလော့ပါမည်
အမှန်တရားသည်သာ သစ္စာ


Credit:Aung N Htwe
..............................................................
တိုင်းဧရာတွင် ဖော်ပြထားတဲ့ သတင်းအများစုသည်
အင်တာနက်စာမျက်နှာများပေါ်ရှိသတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ
တင်ပြခြင်းသာဖြစ်ပြီး သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။
Contact us: timeayeyar@gmail.com





No comments:

Post a Comment