Latest News

Wednesday, March 15, 2017

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်နေသော ဥပဒေ ဖြစ်ကြောင်းသာသနာရေးဝန်ကြီးဆို

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်နေသော ဥပဒေ ဖြစ်ကြောင်းသာသနာရေးဝန်ကြီးဆို

( နေပြည်တော် ၊ မတ် ၁၅) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ထေရ၀ါဒ ဗုဒ္ဓသာသနာနှင့် ဆန့်ကျင်နေသောကြောင့် ပြင်ဆင် ရမည့် ဥပဒေဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။

“ဘာကြောင့်လဲ ဆိုရင် ထေရ၀ါဒ ဗုဒ္ဓ သာသနာမှာ ကံ ကံ၏ အကျိုးပေးကို ယုံကြည် လက်ခံတယ် ၊ လူတစ်ယောက်က ကောင်းတဲ့ အကျိုးကို လုပ်တယ် ဆိုရင် ကောင်းကျိုး ချမ်းသာကို စံစားရမယ် ၊ မကောင်းတဲ့ အကျိုးကို လုပ်တယ်ဆိုရင် မကောင်းတဲ့ အတိုင်းအတာကို ဆိုးကျိုးတွေကို ခံစားရမယ် ၊ ပြန်လည် ပေးဆပ်ရမယ် ၊ အခြေခံ ဥပဒေမှာ တရားဥပဒေ နဲ့ မညီတဲ့ ဆောင်ရွက်ချက် များကို ဖြစ်စေ နောက်ကြောင်းပြန် အရေးမယူရ ဆိုတဲ့ အဲ့ဒီအပိုဒ်ကို ထည့်သွင်းထားတယ် ၊ ဒါသည် ထေရ၀ါဒ ဗုဒ္ဓသာသနာနဲ့ ဆန့်ကျင်နေတယ် ၊ ဒါကြောင့်မို့လို့ အခြေခံဥပဒေကို ကနဦးရေးဆွဲတုန်း က ပါဝင်ခဲ့တဲ့ ဥပဒေ ပညာရှင်ဟာ အမည်ခံ ဗုဒ္ဓဘာသာဝင် သာဖြစ်တယ်လို့ ပြောချင်တယ် ၊ ဗုဒ္ဓဘာသာ အစစ်တော့ မဖြစ်နိုင်ဘူး ၊ ဘာကြောင့်ပြင်သင့်လဲ ဆိုတော့ ဒီဥပဒေဟာ အာဏရှင် အစိုးရ ဓါးမိုးထားတဲ့ အခြေအနေအောက် မှာရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ် ၊ ပြည်သူ ဆန္ဒအကျိုးစီးပွား အတွက် ရေးဆွဲထားတာ မဟုတ်ဘူး ၊ ဒါကြောင့် ပြင်ကို ပြင်သင့်တယ်”ဟု သူရဦးအောင်ကို က ပြောသည်။

မတ်လ ၁၅ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးခေတ္တ ရပ်နားချိန် တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သူရဦးအောင်ကိုက အထက်ပါ အတိုင်း သတင်းမီဒီယာ များကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။  ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်နိုင်မည်ဟု မျှော်မှန်း ထားကြောင်းနှင့် အခြေခံ ဥပဒေ သည် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် လည်း ဆက်နွှယ်နေကြောင်း ၄င်းကပြောသည်။ “အမျိုးသားပြန်လည် သင့်မြတ်ဖို့ ပြည်တွင်း ငြိမ်းချမ်းရေး ကတော့ ဖွဲ့စည်းပုံမပြင်ရင် အလှမ်းဝေးနေဦးမှာပဲ”ဟု ၄င်း ကပြောသည် ။  သာသနာရေး ၀န်ကြီးသူရဦးအောင်ကို သည်ယခင်အစိုးရ လက်ထက်တွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး ထိုစဉ်က တည်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ များကို မီဒီယာများ မှတစ်ဆင့် မကြာခဏ ပြောကြားခဲ့ဖူး သူဖြစ်သည် ။

စိုင်းလမင်း

Popular News Journal

No comments:

Post a Comment