Latest News

Thursday, March 16, 2017

ဦးကိုနီကို လုပ်ကြံရာမှာ ပါဝင်တဲ့သူတွေကို ရုံးထုတ်စစ်ဆေး

ဦးကိုနီကို လုပ်ကြံရာမှာ ပါဝင်တဲ့သူတွေကို ရုံးထုတ်စစ်ဆေး


နောက်တစ်ပတ် သောကြာနေ့ကို ရုံးချိန်းထပ်ပေးခဲ့ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံရာမှာပါဝင်တဲ့ ကြည်လင်း၊ ဇေယျာဖြိုး၊ အောင်ဝင်းဇော်နဲ့ အောင်ဝင်းထွန်းတို့ လေးဦးကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် မြောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့တယ်လို့ သိရပါတယ်။
"အောင်ဝင်းဇော်နဲ့ ကြည်လင်းက ရှေ့နေပါဝါမတင်ရသေးဘူ။ ကျန်တဲ့နှစ်ယောက်ကတော့ တင်တယ်။ အမှန်တကယ်ဆိုရင် အားလုံးကို ဒီနေ့စစ်ဆေးဖို့ ရှေ့နေပါဝါ မတင်ရသေးတဲ့ သူတွေ ရှိနေလို့ ဒီနေ့မစစ်ဖြစ်ဘူး"လို့ ဒီနေ့ ရုံးချိန်းကို လေ့လာသူတစ်ဦးအဖြစ် တက်ရောက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးမျိုးမင်းဦးက ပြောပါတယ်။


ဒီနေ့ (မတ်လ ၁၇) ရက်မှာ ပထမဆုံးအကြိမ် စစ်ဆေးခဲ့တဲ့ ရုံးချိန်းကိုလာမယ့် သောကြာနေ့မှာ ဆက်လက်စစ်ဆေးဖို့ မြောက်ပိုင်းခရိုင်တရားသူကြီးက ထပ်မံချိန်းဆိုခဲ့တယ်လို့ သိရပါတယ်။
ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့သူ ဦးကြည်လင်းက မန္တလေးအိုးဘိုထောင်ထွက်ဖြစ်ပြီး ဘုရားခိုးမှုနဲ့ ၂၇ နှစ် ထောင်ကျခဲ့သူဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာလွှတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူတစ်ဦးဖြစ်ပါတယ်။ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ကြည်လင်းကို တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့ဝင်ဟောင်းအရာရှိတွေ ဖြစ်တဲ့ ဇေယျာဖြိုး၊ အောင်ဝင်းဇော်နဲ့ အောင်ဝင်းထွန်းတို့က နောက်ကွယ်ကနေ ကြိုးကိုင်စေခိုင်းခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ဇန်နဝါရီလ ၂၂ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ အကြီးတန်းခေါင်းဆောင်မှုအစီအစဉ်ကို တက်ရောက်ခဲ့တဲ့ သတင်းနဲ့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့် ဦးဆောင်တဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့မှာ ဦးကိုနီကအဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပြီး ခရီးစဉ်ကအပြန် ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ပစ်ခတ် လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။
Sources & Photos : RFA : Duwun


No comments:

Post a Comment