Latest News

Friday, March 10, 2017

ရေမြုပ်မြေတွင် အမှိုက်ကန်ပြုလုပ်နေမှုကို ဒေသခံများ ကန့်ကွက်

ရေမြုပ်မြေတွင် အမှိုက်ကန်ပြုလုပ်နေမှုကို ဒေသခံများ ကန့်ကွက်

ပုသိမ်၊ မတ် ၉

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တစ်မြို့လုံးမှ နှစ်ပေါင်း ၅၀ ကျော်ကြာ စွန့်ပစ်နေသော အမှတ် (၈)နယ်မြေ နံ့သာကုန်းရပ်ကွက်ရှိ စည်ပင်သာယာအမှိုက်ပုံကြီးမှ အမှိုက်များကို ကန်ပြုလုပ်၍ စွန့်ပစ်ရန် တာပတ်ကန်ပေါင်ပြုလုပ်နေခြင်းကို ရပ်ကွက်အချို့က ကန့်ကွက်နေ ကြောင်း သိရသည်။

""အခုက အမှိုက်ကန်ကြီးလုပ်နေတာ။ ကန်တစ်ခုလုံးပြီးတော့မယ်။ အမှိုက်ပုံဖြေချပြီး မကြာခင်မှာ မိုးရွာလာတာနဲ့ ရေဝင်ရေထွက်မရှိတဲ့ အ မှိုက်ကန်ထဲက ရေပုပ်ရေဆိုးနဲ့ အနံ့ဆိုးတွေ ရပ်ကွက်ထဲကို ထိခိုက်လာ တော့မယ်။ မြေအောက်ရေ အသုံးပြုမှုကိုပါ ဆိုးကျိုးတွေဖြစ်လာမယ်။ ခုကတည်းက ဖျက်သိမ်း၊ ပြောင်းရွှေ့စေချင်ပါတယ်""ဟု ဧရာမင်းရပ် ကွက်နေ ဦးကံရှိန်က မတ် ၈ ရက်တွင် ပြောကြားသည်။
ယခုအခါ စည်ပင်သာယာရေးဌာနမှ အမှိုက်ပုံကြီး၏ ဘေးချင်းကပ် မှ ပုသိမ်မြို့စားသုံးသူဦးစီးဌာန ၃ ဒသမ ၆၆ ဧကရှိ ရေမြုပ်လယ်မြေဟောင်းတွင် နေ့ညမပြတ် စက်ယန္တရားများအသုံးပြုကာ တာပတ်ကန်ပေါင်ပြုလုပ်ပြီး အမှိုက်ပုံဖြိုချရန် ဆောင်ရွက်နေခြင်းသည် မိုးရွာသည်နှင့်အမှိုက်များ ရေမြုပ်ပျော်ဝင်ကာ ရေဆိုးရေပုပ်နှင့်အနံ့ဆိုးများဖြစ်ပေါ်နိုင်ပြီး ပတ်ဝန်းကျင်နေ လူများအတွက် ကျန်းမာရေးဆိုးကျိုးနှင့် သဘာဝ ပတ်ဝန်းကျင်ကိုပါ ထိခိုက်နိုင်မည်ကိုစိုးရိမ်သောကြောင့် အမှိုက်ပုံကြီးနှင့် ကပ်လျက်ရှိသော ဧရာမင်းရပ်ကွက် (၁၊ ၂၊ ၃၊ ၄) လမ်းနေဒေသခံများက ကန့်ကွက်နေကြသည်။

""အမှိုက်ပုံက တောင်ကုန်းကြီးလိုဖြစ်နေတော့ အနံ့ကပိုပြန့်ပါတယ်။ နွေအခါ မီးဘေးအန္တရာယ်လည်းစိုးရိမ်ရတယ်။ ဒါကြောင့် အနက် ငါးပေ၊ ပေါင်ငါးပေ ကန်တူးပြီးရင် အမှိုက်ပုံကြီးကို ကန်ထဲဖြိုချပြီး အပေါ်က မြေ ကြီးအုပ်ဖို့ဆောင်ရွက်နေပါတယ်။ လောလောဆယ် ဒီအမှိုက်ပုံကြီးကို အခြားနေရာကို ရွှေ့ပြောင်းဖို့တော့ အစီအစဉ်မရှိသေးပါဘူး""ဟု ပုသိမ်မြို့ နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးကျော်စိုးက ပြောသည်။

ပုသိမ်မြို့နယ်စည်ပင်သာယာရေးဌာနအနေဖြင့် မြို့ပေါ်ရပ်ကွက် များတွင် တစ်တန်ခွဲဆံ့ အမှိုက်သိမ်းယာဉ် ကိုးစီးဖြင့် တစ်ရက်လျှင် သုံးခေါက်နှုန်းဖြင့် နေ့စဉ်အမှိုက်တန် ၄၀ ကျော်ကို အဆိုပါအမှိုက် ပုံကြီးသို့ စွန့်ပစ်လျက်ရှိကြောင်း သိရသည်။
SM
Democracytoday

No comments:

Post a Comment