Sunday, March 5, 2017
ဆီးရီးယားနဲ့ တူရကီနယ်စပ်အနီးမှာ ဆီးရီယားစစ်ဘက်သုံးလေယာဉ်ပျက်ကျ
ဆီးရီးယားနဲ့ တူရကီ နယ်စပ်အနီးမှာ ဆီးရီးယားနိုင်ငံရဲ့ စစ်ဘက်သုံးတိုက်လေယာဉ်တစ်စင်းပျက်ကျခဲ့ပြီး လေယာဉ်မှုး ကို အသက်ရှင်လျက်တွေရှိခဲ့တာကြောင့် ဆေးရုံကိုတင်ပို့ခဲ့တယ်လို့ ဆီးရီယားအာာဏာပိုင်တွေကပြောပါတယ်။
လေယာဉ်မှုးဟာ လေယာဉ်ပျက်မကျခင် လေယာဉ်ပေါ်ကနေခုန်ဆင်းခဲ့တာဖြစ်ပြီး လေယာဉ် ဟာ
တူရကီနိုင်ငံတောင်ဘက်ပိုင်းမှာပျက်ကျခဲ့တာဖြစ်ပါတယ်။
လေယာဉ်မှုးဟာ အရိုးတွေကျိုးခဲ့ပေမယ့်အသက် အန္တာရယ်စိုးရိမ် ရတာမရှိပါဘူး၊ အခု တိုက်လေယာဉ် ပျက်ကျရတဲ့အကြောင်းအရင်းကို မသိသေးပါဘူး၊
ဆီးရီယား သမ္မတအာဆက်ဒ်ကို တိုက်ခိုက်နေတဲ့ အိုင်အက်စ်စစ်သွေးကြွအဖွဲ့က အဲဒီတိုက်လေယာဉ်ကို
ပျက်ကျအောင်ပစ်ချခဲ့တာဖြစ်တယ်လို့ ပြောပေမယ့် ဆီးရီယားအစိုးရက အတည်မပြုသေးပါဘူး၊
အဲဒီတိုက်လေယာဉ် ဟာနယ်စပ်ဒေသအနီးမှာမြေပြင်နဲ့ ဆက်သွယ်လို့မရခဲ့တာကြောင်းဖြစ်ကြောင်း၊ လေယာဉ်ကို ၉ နာရီကျော်ကြာရှာဖွေခဲ့ပြီး လေယာဉ်မှုးကို အသက်ရှင်လျက်တွေခဲ့တာဖြစ်တယ်လို့ ဆီးရီယားအာဏာပိုင်တွေကပြောပါတယ်။
တူရကီနိုင်ငံကလည်း နယ်စပ်ဒေသအနီးမှာ ဘာကြောင့် ပျက်ရသလဲဆိုတဲ့အချက်ကို စုံစမ်းနေတယ်လို့ တူရကီ အာဏာပိုင်တွေကပြောပါတယ်။ တူရကီအာဏာပိုင်တွေ ဟာနယ်စပ်ဒေသအနီးမှာ ပျက်ရတဲ့အကြောင်းကို စုံစမ်းနိုင်ဖို့ အဖွဲတစ်ဖွဲကိုစေလွတ်သွားမှာဖြစ်ပါတယ်။
ref bbc
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်
ဆီးရီးယားနဲ့ တူရကီနယ်စပ်အနီးမှာ ဆီးရီယားစစ်ဘက်သုံးလေယာဉ်ပျက်ကျ
Reviewed by timeayeyar
on
12:41 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment