Latest News

Saturday, March 25, 2017

လူကိုလူလိုပဲ မြင်ကြည့်


ခင်ဗျား ဝတ်ထားတဲ့ အင်္ကျီက Made in India
ခင်ဗျား ဖိနပ်က Made in Thailand
ခင်ဗျား ကားက Make in Japan
ခင်ဗျား ကျင့်သုံးလိုတဲ့ Democracy ဆိုတာ Greek က
ခင်ဗျား စာရေးနေတဲ့ စက္ကူတရုတ် လူမျိုးတွေထွင်ခဲ့တာ
ခင်ဗျား ကိုင်နေတဲ့ဖုန်း အင်္ဂလိပ်လူမျိုးတွေ ထွင်ခဲ့တာ ခင်ဗျားတပ်ထားတဲ့ မျက်မှန် အီတလီက အခြေခံတယ် ခင်ဗျားဝတ်နေတဲ့ ဘောင်းဘီ အမေရိကန်က အခြေခံတယ် ဒါနဲ့တောင် ခင်ဗျားက လူတစ်ယောက်ကို ဘာသာ”လူမျိုး” အရောင်တွေထည့်ပြီး ကြည့်တတ်သေးတယ်တဲ့လား။

မာသာထရီဇာ”ကို အယ်လ်ဘေးနီးယားတစ်ယောက် ဆိုတာထက် ပိုမသိရင် မေတ္တာတရားကို ခင်ဗျား နားမလည်သေးဘူး။

မန်ဒဲလား”ကို ကပ္ပလီ တစ်ယောက်ဆိုပီး မြင်နေရင် ခင်ဗျားနှလုံးသားထဲမှာ လွတ်လပ်မှု ဆိုတာ မရှိသေးဘူး။

ဂန္ဒီ”ကို အိန္ဒိယကုလားတစ်ယောက် ဆိုပီး မှတ်ထားရင် ငြိမ်းချမ်းရေးဆိုတာ ခင်ဗျားနဲ့ ဝေးနေတုန်းပဲ။
ဖယ်ချလိုက်စမ်းပါ
ခင်ဗျားမျက်လုံးမှာ ကပ်နေတဲ့ လူမျိုးစွဲ” စိတ်ဓါတ်။

လွှင့်ပစ်လိုက်စမ်းပါ
ခင်ဗျား နှလုံးသားထဲက အတ္တဆန်တဲ့ ဘာသာစွဲ” စိတ်ဓါတ်။

ဖျောက်ပစ်လိုက်စမ်းပါ
ခင်ဗျားရင်ထဲက မောဟဖက်တဲ့ နိုင်ငံစွဲ” စိတ်ဓါတ်ကို။

လွယ်ပါတယ် မခက်ပါဘူး
လူကိုလူလိုပဲ မြင်ကြည့်
လောကကြီးက ရှင်းရှင်းလေး ဖြစ်သွားလိမ့်မယ်။
လူကို လူလို့ပဲ မြင်လာတဲ့တစ်နေ့
ခင်ဗျား လူပီသတဲ့
လူစစ်စစ်တစ်ယောက် ဖြစ်သွားပါလိမ့်မယ်။

CREDIT to: Original uploader

No comments:

Post a Comment