Latest News

Thursday, March 16, 2017

တန်ပိုတင်ကုန်ကားတွေ လမ်းမကြီးဥပဒေတွေနဲ့ အရေးယူမည်

တန်ပိုတင်ကုန်ကားတွေ လမ်းမကြီးဥပဒေတွေနဲ့ အရေးယူမည်

မန္တလေး၊ မတ် ၁၅ - သတ်မှတ်အလေးချိန်ထက် ပိုမိုတင်ဆောင်လာတဲ့ ကားတွေကို ဧပြီလ ၁ ရက်နေ့က စတင်ပြီးဖြတ်သန်းသွားလာဖို့ လုံးဝခွင့်ပြု ပေးမှာမဟုတ်တော့ဘူးလို့ မန္တလေးတိုင်း လျှပ်စစ်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောပါတယ်။

တန်ပိုယာဉ်ဖြတ်သန်းတာတွေနဲ့ပတ်သက်ပြီး အခုလကုန်အထိကို ပညာပေး ကာလအဖြစ် သတ်မှတ်ထားတာဖြစ်ကာ လာမယ့် ဧပြီ ၁ ရက်နေ့ကစပြီး လမ်းမကြီးဥပဒေတွေနဲ့ အရေးယူတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ကြီး ဦးဇာနည်အောင်က စည်းကမ်းကိုင်တဲ့သဘောပါ၊ တချို့နေရာ တွေမှာက ကတ္တားမရှိတော့ တန်ပိုတွေတင်လာပြီး ဖြတ်ကြတာကိုး၊ အဲဒီကိစ္စကို ကိုင်တွယ်ရမှာလို့ ပြောပါတယ်။

ပုံမှန်ရာသီကာလတွေမှာ ကုန်တင်ကားတွေကို အာဆီယံနိုင်ငံတွေမှာ သတ်မှတ်ထားတဲ့ ကုန်ချိန်အတိုင်းသာ မြန်မာနိုင်ငံမှာလည်းတင်ခွင့်ပြု ထားတာဖြစ်ပြီး မိုးတွင်းကာလရောက်ရင်တော့ လမ်းများကြံ့ခိုင်မှုရှိစေဖို့ အတွက် သတ်မှတ်ပေးထားတဲ့ကုန်တန်ချိန်ထက်လျှော့ပြီးတင်ဖို့ကို ဆောက် လုပ်ရေးဝန်ကြီးဌာနက ညွှန်ကြားလေ့ရှိတယ်လို့သိရပါတယ်။

ခေတ်လိုက်ကုန်ကားဂိတ်က ဦးတင်အောင်မိုးက အခုလဲတန်ပိုတင်ပြီး ဂိတ်တွေကဖြတ်လို့မရပါဘူး၊ အကိုက်ပဲသွားလို့ရတယ်လို့ ပြောပါတယ်။ လမ်း၊တံတား၊ ဂိတ်တွေကနေ ဖြတ်သန်းသွားနေတဲ့ကားတွေကို သတ်မှတ်တန်ချိန် ထက် ပိုမတင်ဖို့ ၂၀၁၂ ခုနှစ်က စတင်ခဲ့တာဖြစ်တယ်။

ခေမဏီ( Kumudra )


No comments:

Post a Comment