Latest News

Tuesday, March 28, 2017

မူဆလင်ကျောင်းတွေကို ပိတ်ပစ်ဖို့ အယန်းဟာဆီအလီက သြစတြေးလျဝန်ကြီးချုပ်ကို အရေးတကြီးပန်ကြား


နိုင်ငံတကာမှာထင်ရှားတဲ့အစ္စလာမ်ဘာသာကိုဝေဖန်သူ အယန်းဟာဆီအလီ  က သြစတြေးလျက
မူဆလင်ကျောင်းတွေကို ကိုပိတ်ဖို့  အရေးတကြီး ပန်ကြားလိုက်ပါတယ်။

ဆိုမာလီဖွား၊ဘာသာမဲ့စာရေးဆရာတစ်ဦးဖြစ်ပြီး နောက်လမှာ သြစတြေးလျကို သွားရောက်
လည်ပတ်မှာဖြစ်တဲ့  အယန်းဟာဆီအလီ က မူဆလင်ကျောင်းတွေရဲ့သင်ရိုးညွှန်းတမ်းတွေဟာ
လွတ်လပ်တဲ့လူ့ဘောင်အဖွဲ့အစည်းနဲ့မကိုက်ညီဘူးလို့ပြောဆိုလိုက်ပါတယ်။

ဒက်ခ်ျနိုင်ငံရေးသမားနဲ့၊ဒုက္ခသည်တစ်ဦးဖြစ်ခဲ့တဲ့  အယန်းဟာဆီအလီ ဆိုတဲ့အမျိုးသမီးဟာ
ယခင်က မူဆလင်တစ်ဦးဖြစ်ခဲ့ပြီး ယခုတော့ဘာသာမဲ့တစ်ဦးဖြစ်ပါတယ်။ ကလေးငယ်တွေကို
မူဆလင်ကျောင်းတွေမှာ သိပ္ပံသင်ခန်းစာ၊အနုပညာနဲ့ ဂီတ သင်ခန်း
စာတွေကိုဘယ်လိုပိတ်ပင်ထားတယ်ဆိုတာကို သူက ဥပမာပြုပြောဆိုပါတယ်။

"ဒါကရိုးရိုးရှင်းရှင်းလေးပါပဲ။ ကလေးငယ်တွေရဲ့အခွင့်အရေးကိုပိတ်ပင်ကျူးလွန်မှုပါ။
မူဆလင်ကျောင်းတွေကိုလွတ်လပ်တဲ့လူ့အဖွဲ့အစည်းမှာ  ခွင့်မပြုသင့်ပါဘူး။
ဒီကျောင်းတွေက ကလေးတွေရဲ့ အခွင့်အလမ်းတွေကိုယူဆောင်သွားတာဖြစ်တဲ့အတွက်
ပိတ်ပင်သင့်ပါတယ်" လို့ ဒေလီးတယ်လီဂရပ်The Daily Telegraph သတင်းဌာနကို ပြောပါတယ်။


အစ္စလာမ်ကျောင်းရဲ့ ကျောင်းသားဟောင်းဖြစ်ခဲ့သူ (Hizb ut-Tahrirအစ္စလာမစ်အဖွဲ့ပြောခွင့်ရ)
အူမန်ဗေဒါ က မူဆလင်ဖြစ်ခဲ့ဖူးသူတွေကို အဆုံးစီရင်သင့်တယ်လို့ ပြောဆိုတဲ့ ဗီဒီယိုဖိုင်ထွက်
လာအပြီး နောက်ရက်မှာ  အယန်းဟာဆီအလီ က ခုလိုပန်ကြားလိုက်တာဖြစ်ပါတယ်။
အူမန်ဗေဒါက ဆစ်ဒီမြို့အနောက်တောင်က အစ္စလာမ်ကျောင်းမှာတက်ခဲ့ပါတယ်။

မူဆလင်ကျောင်းတစ်ခုဖြစ်တဲ့ ဆစ်ဒနီအနောက်ဖက်ကကောလိပ်ကျောင်းမှာတော့ 
ကျောင်းသင်ခန်းစာထဲကမျိုးပွားခြင်းဆိုင်ရာသင်ခန်းစာ နဲ့ပတ်သက်ပြီး ရည်ညွှန်းကိုးကားချက်တွေကို
ဖြုတ်ပစ်လိုက်ပြီးအဲဒီနေရာမှာ အလ္လာ လို့ ထည့်သွင်းရေးသားတယ်လို့ News Corp သတင်းဌာနက
ဆိုပါတယ်။

သူမရဲ့ကလေးဘ၀ကို ဆော်ဒီအာရေဘီယားမှာ ကုန်လွန်စေခဲ့တဲ့  အယန်းဟာဆီအလီ  ဟာ အစ္စလာမ်
ရှရီယားဥပဒေအောက်မှာကြီးပြင်းခဲ့ပါတယ်။သူမက  အစ္စလာမ်ဟာဘာသာရေးသက်သက်မဟုတ်ပဲ
နိုင်ငံရေးသဘောတရားတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။

"လူတိုင်းက ဂျူးနဲ့ ခရစ်ယာန်ကျောင်းတွေကိုတော့ခွင့်ပြုတဲ့အကြောင်းပြောကြတယ်။
ဒါပေမယ့် ဒီကျောင်းတွေနဲ့မူဆလင်ကျောင်းက မတူညီပါဘူး။မူဆလင်ကျောင်းတွေက နိုင်ငံရေး
အယူအဆတွေကိုဘာသာရေးအယောင်ဆောင်ပြီး ပညာရေးကဏ္ဍထဲကိုစိမ့်ဝင်ဖို့လုပ်တာပါ။
အရမ်းငယ်သေးတဲ့ကလေးငယ်တွေရဲ့ဦးခေါင်းတွေထဲကို အစွန်းရောက်အတွေးအခေါ်တွေသွတ်သွင်း
လိုက်တာပါ။"

အာရမ်းဟာဆီအလီက သြစတြေးလျ ၀န်ကြီးချုပ် မဲလ်ကွန်းတမ်ဘူးလ်အနေနဲ့ အစ္စလာမ်ဟာ
ငြိမ်းချမ်းတဲ့ဘာသာဖြစ်တယ်လို့ ဖော်ပြပြောဆိုမှုကိုရပ်တန့်သင့်ကြောင်းနဲ့ ၀န်ကြီးချုပ်ရဲ့ အစွန်းရောက်
အစ္စလာမ်နဲ့ပတ်သက်ပြီး  သုံးနှုန်းတဲ့ စကားလုံးအားပျော့မှု ဝေဖန်ခဲ့ပါတယ်။
ref: Dailymail
SZ(Time Ayeyar_ တိုင်းဧရာ) ဘာသာပြန်သည်။

No comments:

Post a Comment