Latest News

Sunday, March 19, 2017

ပိုးမီကို ကေတီဗီ မှာလုပ်ခဲ့သူလို့ ပြောဆိုမှုတွေကိုဖြေရှင်း

ပိုးမီကို ကေတီဗီ မှာလုပ်ခဲ့သူလို့ ပြောဆိုမှုတွေကိုဖြေရှင်း

ရန်ကုန် - မတ်၁၉

အခုတလောလူမှုကွန်ယက်ပေါ်မှာ မြန်မာအိုင်ဒေါကပြိုင်ပွဲဝင်ဖြစ်တဲ့ပိုးမီကို ၀ိုင်းဝန်ပြောဆိုထားတာတွေကို ပြန်လည်ဖြေရှင်းမှုတွေပြုလုပ်ပေးခဲ့ပါတယ်။

လူမှုကွန်ယက်ပေါ်မှာ ပိုးမီကို KTVမှာလုပ်တဲ့နာမည်ပျက်မိန်းမတစ်ယောက်လိုပြောဆိုခဲ့တာဖြစ်ပါတယ်။

သည်အပေါ်မှာ ပိုးမီက”ကိုယ်မှန်နေရင်ဘယ်သူ့ကိုမှဂရုမစိုက်တတ်ဘူးမမှန်ဘူးထင်ရင်လဲဘယ်သူခိုင်းခိုင်းမလုပ်တတ်ဘူးအစကတော့မရှင်းဘူးဒီတိုင်းထားမလို့ဒါပေမဲ့ကျွန်တော့်ကိုအားပေးတဲ့ပရိတ်သတ်တွေမျက်နှာမငယ်စေချင်တာကြောင့်ရှင်းပြလိုက်တယ်ဆိုပြီးရေးသားထားတာဖြစ်တယ်”လို့ဖေ့စ်ဘုတ်မှာရေးသားထားတာဖြစ်
ပါတယ်။

သူအရင်တုန်းကလုပ်ကိုင်ခဲ့တဲ့အလုပ်နဲ့ပတ်သက်ပြီးပြောထားတာဖြစ်ပါတယ်။သူမကအရင်ပြိုင်ပွဲမ၀င်ခင်တုန်းကMicasaHotelမှာunplugged ဖျော်ဖြေရေးလုပ်ခဲ့တာဖြစ်ပါတယ်။ဒါတွေကိုလူတချို့ကKTVမှာလုပ်တယ်ဆိုပြီးပြောဆိုတာဖြစ်ပါတယ်။ဖေ့စ်ဘုတ်မှာတင်ထားတဲ့ဓာတ်ပုံကလည်း ဟိုအရင်ကတည်းကTapasbistroဆိုတဲ့ထမင်းစားခန်းမှာဖော်ရိန်နာတစ်ဦးနဲ့ရိုက်ထားတာဖြစ်တယ်လို့သိရပါတယ်။

ကြေးစားမအဆင့်သတ်မှတ်လိုက်တဲ့ပိုစ့်ပိုင်ရှင်တွေရဲ့ဦးနောက်ကိုလေးစားမိတာအမှန်ပါကိုယ့်လိပ်ပြာကိုယ်လုံပါတယ်။
တိုက်ခိုက်တဲ့သူတွေကျန်းမာပါစေလို့ဆုတောင်းပေးပါတယ်။ဂီတနဲ့ငြိမ်းချမ်းပါစေ ဆိုပြီးတော့သူရဲ့ဖေ့စ်ဘုတ်အကောင့်မှာဖော်ပြထားပါတယ်။

လိမ္မာ ( ကုမုဒြာ )


No comments:

Post a Comment