Latest News

Saturday, March 11, 2017

၁ နှစ်ကျော်အတွင်း တရားမ၀င် ကျောက်စိမ်းအရိုင်းတုံး သယ်ဆောင်သူ ၁၅၀ ကို အမှုဖွင့်အရေးယူထား

၁ နှစ်ကျော်အတွင်း တရားမ၀င် ကျောက်စိမ်းအရိုင်းတုံး သယ်ဆောင်သူ ၁၅၀ ကို အမှုဖွင့်အရေးယူထား

ပြီးခဲ့တဲ့နှစ်ကနေ ဒီနှစ် မတ်လဆန်းအထိ တရားမဝင် ကျောက်စိမ်းအရိုင်းတုံး ပိဿာချိန် လေးသောင်းကျော် ဖမ်းဆီးရမိခဲ့ပြီး လူ အယောက် ၁၅၀ ကို ကျောက်မျက်ဥပဒေနဲ့ အရေးယူထားတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူးကြီး မျိုးသူရနောင်က ပြောပါတယ်။

၁ နှစ်ကျော်ကာလအတွင်း ဖမ်းဆီးရမိတဲ့ အမှုပေါင်း ၆၀ ကျော်ရှိပြီး ဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးရဲ့ ဒုတိယရဲမှူးကြီး မျိုးသူရနောင်က ပြောပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသကနေ တရားမဝင် သယ်ဆောင်လာသူတွေကို ဗန်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ မြစ်ကြီးနား၊ ဝိုင်းမော် စတဲ့မြို့နယ်တွေနဲ့ ကန်ပိုက်တီ၊ လွယ်ဂျယ် စတဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေမှာ အများဆုံးဖမ်းမိတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို ဖမ်းဆီးရမိသူတွေကို ကျောက်မျက်ဥပဒေ ပုဒ်မ ၃၉ နဲ့ ပုဒ်မ ၄၂ တွေအရ အမှုဖွင့်အရေးယူလေ့ရှိပြီး အများစုဟာ တရုတ်ပြည်ဘက် မှောင်ခိုသယ်ယူချိန်မှာ ဖမ်းဆီးရမိတာဖြစ်ပါတယ်။

ဓါတ်ပုံ -  (ကျောက်စိမ်းအရိုင်းတုံးတွေကို တွေ့ရစဉ်)
RFA

No comments:

Post a Comment