Latest News

Tuesday, March 21, 2017

ပြည်ပကို ဆန်တန်ချိန် ၁ သန်းခွဲ တင်ပို့ခဲ့

ပြည်ပကို  ဆန်တန်ချိန် ၁ သန်းခွဲ တင်ပို့ခဲ့

မြန်မာနိုင်ငံက နိုင်ငံခြားကို အခု ၂ဝ၁၆-၁၇ ဘဏ္ဏာရေးနှစ်အတွက် ဆန်တန်ချိန် ၁ သန်းခွဲ တင်ပို့နိုင်ခဲ့တဲ့အတွက် ဝင်ငွေအဖြစ် အမေရိကန် ဒေါ်လာ သန်း ၇ဝဝ ခန့်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ပြောပါတယ်။  ဒါဟာ ပြီးခဲ့တဲ့ ၂ဝ၁၅-၁၆ ဘဏ္ဏာရေးနှစ်ကထက် တန်ချိန် ၂ သောင်းခွဲ ပိုလာတာဖြစ်ပေမယ့် မူလ ရည်မှန်းချက်ဖြစ်တဲ့ တန်ချိန် ၂ သန်းကိုတော့ ပြည့်မှီခဲ့ခြင်း မရှိပါဘူး။

အခုလို မနှစ်ကထက်ပိုပြီး တင်ပို့ရောင်းချနိုင်တာဟာ တရုတ်နဲ့
သီရိလင်္ကာနိုင်ငံတွေရဲ့ ဝယ်လိုအား များပြားလာခဲ့မှုအပြင် မြန်မာငွေတန်ဖိုးကျပြီးေ ဒ်ါလာဈေးတက်တဲ့အတွက် ဆန်လုပ်ငန်းရှင်တွေက နိုင်ငံခြားကိုပိုပြီးတင်ပို့နိုင်အောင် အလုအယက် ကြိုးစားကြတဲ့အတွက်ဖြစ်တယ်လို့ဆန်စပါးအသင်းချုပ် ဦးဆောင်သူတဦးဖြစ်တဲ့  ဦးရဲမြင့်အောင် ကပြောဆိုကြောင်း ယူကရိန်းကလာတဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။  ဒီထက်ပိုပြီးတင်ပို့ရောင်းချနိုင်အောင် ဆန်စပါးအရည်အသွေး ပိုကောင်းဖို့လိုတယ်လို့လည်းဦးရဲမြင့်အောင် ကပြောပါတယ်။RFA

No comments:

Post a Comment