Latest News

Thursday, March 16, 2017

အမြန်လမ်းတွင်ရှေ့ယာဉ်ကိုနောက်ယာဉ်တိုက်နှစ်စီးစလုံးတိမ်းမှောက်

အမြန်လမ်းတွင်ရှေ့ယာဉ်ကိုနောက်ယာဉ်တိုက်နှစ်စီးစလုံးတိမ်းမှောက်


နေပြည်တော် မတ် ၁၆

ရန်ကုန်-မန္တလေးလမ်းမကြီး၏ မိုင်တိုင်အမှတ် ၂၃၀/၀ အနီး နေပြည်တော် ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း အောင်ကြည်မင်း မောင်းနှင်လာသော ADVAN (ခဲရောင်) မော်တော်ယာဉ်သည် ယမန်နေ့နံနက် ၁၀ နာရီခွဲ၌ ရှေ့မှ ယာဉ်မောင်း ဟိန်းထက်အောင် မောင်းနှင်နေသည့် LIGHT TRUCK ယာဉ် နောက်ပိုင်းအား ၀င်ရောက်တိုက်မိပြီး နောက်ယာဉ်(၂)စီးလုံးမှာ လမ်းယာဘက်မြေသားလမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်ကြောင့် ADVAN ယာဉ်ပေါ်မှ တစ်ဦးနှင့် LIGHT TRUCK ယာဉ်ပေါ်မှ (၂) ဦးပေါင်း (၃) ဦး ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည်။ ဒဏ်ရာရရှိသူများအား ဘုရားတောင် အမြန်လမ်းရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။

ထို့ပြင် ယမန်နေ့ညနေ ၅ နာရီခွဲကလည်း အမြန်လမ်း၏ မိုင်တိုင်အမှတ် ၂၈၁/၇ နှင့် ၂၈၂/၀ အကြား မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ ဦးစိန်ဝင်း မိတ္ထီလာမြို့နယ် အိုင်စောက်ကျေးရွာ မူလတန်းကျောင်းအုပ် တစ်ဦး တည်းသော မောင်းနှင်လာသော နယူးဇင်းနစ် ၁၁၀ ဆိုင်ကယ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းမပေါ်၌ တိမ်းမှောက်ခဲ့သည်။

ဖြစ်စဉ်ကြောင့် ဦးစိန်ဝင်းမှာ နဖူးယာဘက်ပေါက်ပြဲ၊ ညာမျက်ခွန်ပွန်း ပဲ့၊ နှာခေါင်း ပွန်းပဲ့၊ ခြေသလုံးပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သည်။

သို့ပါ၍ ၎င်းတို့အား သက်ဆိုင်ရာ အမြန်လမ်းရဲတပ်ဖွဲ့စခန်းများမှ အမှုဖွင့်အရေး ယူထားကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။

သန်းဦး(လေးမျက်နှာ)

ဓာတ်ပုံ- (အမြန်လမ်းရဲတပ်ဖွဲ့)

No comments:

Post a Comment