Latest News

Wednesday, March 15, 2017

ဆယ်တန်းစာမေးပွဲကို အကောင်းဆုံး ဖြေဆိုခဲ့ပါတယ်ဆိုတဲ့ အိစိကွေး

ဆယ်တန်းစာမေးပွဲကို အကောင်းဆုံး ဖြေဆိုခဲ့ပါတယ်ဆိုတဲ့ အိစိကွေး

အနုပညာအလုပ်တွေ ဆက်လုပ်ရင်း မိဘတွေကို ပြန်လုပ်ကျွေးချင်တယ်လို့ ဆိုပါတယ်။

ကလေး သရုပ်ဆောင် အိစိကွေးကတော့ ဆယ်တန်းစာမေးပွဲ ဖြေဆိုလို့ ပြီးသွားပါပြီ။ ဂုဏ်ထူးထွက်ဖို့ ဆိုတာထက် ဘာသာတိုင်းကို အကောင်းဆုံး ဖြစ်အောင် ဖြေဆိုနိုင်ခဲ့ပါတယ်။

ဒီနေ့ (မတ်လ၁၅)ကနေတော့ Bio ဘာသာရပ်ကို ဖြေဆိုခဲ့တာဖြစ်ပြီး အဲ့ဒီဘာသာရပ်ကတော့ သူ့အတွက် အားနည်းတဲ့ ဘာသာရပ်ဖြစ်ခဲ့ပေမယ့် အကောင်းဆုံးဖြစ်အောင် ဖြေဆိုနိုင်ခဲ့ပါတယ်။

သူဖြေဆိုခဲ့တဲ့ ဘာသာရပ်တွေထဲမှာတော့ Physics ၊English ၊ သင်္ချာ စတဲ့ ဘာသာရပ်တွေကတော့ သူဖြေဆိုခဲ့တဲ့အထဲမှာ အားရဆုံး ဘာသာရပ်တွေဖြစ်ပါတယ်။ အိစိကွေးကတော့ ငယ်ငယ်ကတည်းက မက်ခဲ့တဲ့ အိမ်မက်ဖြစ်တဲ့ ရေကြောင်းတက္ကသိုလ်ကို ဆက်တက်ချင်ပါတယ်တဲ့။ ကျောင်းဆက်တက်ရင်း အနုပညာအလုပ်တွေလုပ်ကာ မိဘတွေကို လုပ်ကျွေးချင်ကြောင်း Myanmar Celebrity အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

ငယ်စဉ်ကတည်း ပရိသတ်တွေနဲ့ ရင်းနှီးခဲ့တဲ့ အိစိကွေးက ဂီတပိုင်းကိုလည်း ဝါသနာပါသူ ဖြစ်ပါတယ်။ စီးရီးခွေလုပ်ဖို့အတွက် ဂီတပိုင်းကို သေချာလေ့လာပြီး ကြိုးစားနေခဲ့ပါတယ်။ အိစိကွေးရဲ့ ပြောခွင့်ပြုဆိုတဲ့ MTV ကလည်း အွန်လိုင်းပေါ်မှာ နာမည်ကြီး သွားခဲ့ပါသေးတယ်။ ဆယ်တန်းဖြေပြီးရင်တော့ ဂီတပိုင်းကို သရုပ်ဆောင်ပိုင်းကို သေချာလေး ပြန်ကြိုးစားသွားပါမယ်လို့ ဆိုပါတယ်။


Photo : အိစိကွေး ဖေ့စ်ဘွတ်

Duwun

No comments:

Post a Comment