မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ယှဉ်ပြိုင်မည့် ယိမ်းအဖွဲ့များ စတင် လျှောက်ထားနိုင်ပြီ
ရန်ကုန်၊ မတ် ၁၃
မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် ယခုနှစ် ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ယိမ်းအက ပြိုင်ပွဲဝင်များ အနေနှင့် မတ်လ ၁၃ ရက်မှစ၍ စာရင်းပေးသွင်းကာ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။
ယခုနှစ်တွင် ယိမ်းပြိုင်ပွဲများကို ၁၂ ဦးယိမ်း (မူကြိုကျောင်းများ)၊ ၁၂ ဦးယိမ်း (ကျောင်းများ)၊ ၁၂ ဦးယိမ်း (ရုံး/အခြား)၊ ၁၆ ဦးယိမ်း (ကျောင်းများ)၊ ၁၆ ဦးယိမ်း (ရုံး/အခြား)၊၂၀ ဦးယိမ်း (အလွတ်တန်း)၊ ၁၂ ဦးယိမ်း(ကျား) အလွတ်တန်း၊ ပြိုင်ပွဲများကို ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကတွေကိုလည်း ဒီနှစ်မှာ သီးခြား ကျင်းပပေးသွားမှာပါ။ ဒီနှစ်မှာ ပြိုင်ပွဲဝင်ယိမ်း အဖွဲ့တွေကိုလည်း ဆုတွေကို ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမှာပါ”ဟု ၎င်းက ဆိုသည်။
ပြိုင်ပွဲဝင်မည့်သူများသည် မတ်လ ၁၃ ရက်မှ မတ်လ ၃၁ ရက် နောက်ဆုံးထား၍ ရုံးချိန်အတွင်း ဗိုလ်တထောင်မြို့နယ်၊ ၄၆ လမ်း၊ ၁၂ ထပ်ခွဲရုံး၊ ၁၀ လွှာရှိ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စစ်ဆေးရေးဌာနရုံးတွင် လာရောက်စာရင်း ပေးသွင်းနိုင်ကြောင်း အကဲဖြတ်လုပ်ငန်း ကော်မတီရုံးအဖွဲ့ထံမှ သိသည်။
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment