Latest News

Wednesday, March 15, 2017

အစိုးရက နှစ်စဉ်စိုက်ထုတ်နေရတဲ့မီတာခ အရှုံးလျော့ကျအောင် လုပ်မည်

အစိုးရက နှစ်စဉ်စိုက်ထုတ်နေရတဲ့မီတာခ အရှုံးလျော့ကျအောင် လုပ်မည်

ဓာတ်အားတစ် ယူနစ်ရဲ့ ပျမ်းမျှအရှုံးကို လျော့နည်းအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နေပြည်တော်၊ မတ် ၁၅ - လျှပ်စစ်ဓာတ် အား ဖြန့်ဖြူးရောင်းချရာမှာ နှစ်စဉ်အရှုံးပေါ်နေတာကို ကာမိအောင် ကုန်ကျစရိတ်လျော့ကျအောင် ရောင်းရငွေတိုးတက်အောင် ဆောင်ရွက်မယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဝန်ကြီးက ပြောပါတယ်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာထွန်းနိုင်က ‘လျှပ်စစ်ဓာတ် အား ဖြန့်ဖြူးရေးမှာ အရှုံးပေါ်နေတဲ့ကိစ္စကို ဓာတ်အားတစ်ယူနစ် ထုတ်လုပ်တိုင်းထုတ်လုပ်မှုကုန် ကျစရိတ်ကို လျော့နည်းအောင် ကြိုးစားခြင်းများ၊ ဓာတ်အား ပျောက်ဆုံးမှုများ လျော့ကျစေရန်အတွက်လဲ ဓာတ်အားခိုးယူသုံးစွဲနေတဲ့ဖြစ်စဉ်တွေကို နိုင်ငံနဲ့ အဝန်း ဖော်ထုတ်ကာ ဆောင်ရွက်ခြင်းများ၊ ဓာတ်အားရောင်းချရမှု ဝင်ငွေတိုးတက်ရရှိအောင်ဆောင်ရွက်ခြင်းများဖြင့် ဓာတ်အားတစ် ယူနစ်ရဲ့ ပျမ်းမျှအရှုံးကို လျော့နည်းအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

၂၀၁၇ ခုနှစ်အတွက် လျှပ်စစ်ဓာတ်အား ရောင်းရဝင်ငွေ ၁၄၁၇့၅၁၄ ဘီလျံရရှိဖို့ လျာထား ပါတယ်။ ၂၀၁၇ မှာ ဓာတ်အားလို အပ်ချက် ၃၁၉၂ မဂ္ဂါဝပ်အထိ တိုးတက်သုံးစွဲလာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ထုတ်လုပ်ပေးနိုင်မှုနဲ့ သုံးစွဲမှုလိုအပ်ချက်ကြားမှာ ၄၅၀ မဂ္ဂါဝပ်ခန့် ကွာဟနေမှာပါ။ နှစ်စဉ် တိုးမြှင့်လိုအပ်လာတဲ့ မဂ္ဂါဝပ်တွေကို နှစ်စဉ်တိုးတက်ထုတ် လုပ်နိုင်အောင် စီစဉ်မှာဖြစ်တယ်။

သည်လိုနှစ်စဉ်တိုးမြှင့်ထုတ်လုပ်နိုင်ဖို့ ရေအားလျှပ်စစ်စီမံ ကိန်းပေါင်း ၅၀ ခု၊ နေရောင်ခြည်စွမ်းအင်သုံးစီမံကိန်း ငါးခု၊ လေစွမ်းအင်သုံးလျှပ်စစ်စီမံကိန်း ငါးခု တို့ကို MoU ၊  MOAအ ရေးထိုးခဲ့ပြီ ဖြစ်ပါတယ်။

ပြည်ပအကူအညီရယူဆောင်ရွက်နေတဲ့ ဓာတ်အားပေးစက်ရုံ စီ မံကိန်းတွေကတော့ သထုံသဘာဝ ဓာတ်ငွေ့နှင့် စွန့်ပစ်ပစ္စည်းသုံး ဓာတ်အားပေးစက်ရုံကနေ ၁၃၆ မဂ္ဂါဝပ်ထုတ်လုပ်နိုင် မှာဖြစ်ပါ တယ်။
ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာသန်း ၁၄၀ နဲ့ဆောင်ရွက်နေရာ ၂၀၁၈ ခုနှစ် မတ်လမှာ ပြီးစီးနိုင်မှာ ဖြစ်ပါ တယ်။

သီလဝါစက်မှုဇုန်မှာလည်း ၅၀ မဂ္ဂါဝပ်သဘာဝဓာတ်ငွေသုံး ဓာတ်အား ပေးစက်ရုံကို ဂျပန်နိုင် ငံရဲ့ ODA ချေးငွေနဲ့ ဆောင်ရွက်ထားရှိပြီး စက်ရုံက ၂၀၁၆ ခုနှစ် ဩဂုတ်လမှာ ပြီးစီးထားပါတယ်။

သူဌေးချောင်းရေအားလျှပ် စစ်စီမံကိန်းကို ၁၁၁ မဂ္ဂါဝပ် ထုတ် လုပ်နိုင်ဖို့ ဆောင်ရွက်မှာဖြစ်တယ်။ မြန်မာနိုင်ငံအတွက် China Exam Bank ကနေ ရရှိ တဲ့ ချေးငွေအမေရိကန်ဒေါ်လာ သန်း ၄၀ဝ ထဲက အဲသည့်စီမံ ကိန်းအတွက် အမေရိကန်ဒေါ်လာ ၅၉ သန်းနဲ့ စက်ပစ္စည်းတွေဝယ်ယူရေး ချေးငွေရယူဆောင်ရွက်ထားတာ ဖြစ်ပါတယ်။

တည်ဆောက်ရေးလုပ်ငန်းတွေကို နှစ်အလိုက် ကြာရှည် ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ပြီးစီးနိုင်မယ့်နှစ်ခန့်မှန်းကာလဟာ ၂၀၂၄ ခုနှစ် ဖြစ်နေပါတယ်။

အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကလည်း ၂၈၀ မဂ္ဂါဝပ်ခန့် ထုတ်လုပ်နိုင်မှာဖြစ်လို့ လို အပ်တဲ့ စက်ပစ္စည်းတွေဝယ်ယူဖို့တရုတ်နိုင်ငံ ချေးငွေအမေရိကန်ဒေါ်လာ သန်း ၄၀ဝ ထဲကနေပဲ ၁၀၂ သန်းသုံးပြီးဆောင်ရွက်နေပါတယ်။

အထက်ကျိုင်းတောင်း စီမံကိန်းကလည်း ၅၁ မဂ္ဂါဝပ်ထုတ် လုပ်နိုင်မှာဖြစ်ပါတယ်။

ချိုဇင်မာဝင့်( Kumudra )


No comments:

Post a Comment