Latest News

Sunday, March 26, 2017

တရုတ်ဘဏ်များတွင် အပိတ်ခံရသော မြန်မာကုန်သည်များ၏ ဘဏ်စာရင်းပြန်ဖွင့်ပေးရန် ငါးရက်အတွင်း နှစ်ဦးသာတင်ပြ

တရုတ်ဘဏ်များတွင် အပိတ်ခံရသော မြန်မာကုန်သည်များ၏ ဘဏ်စာရင်းပြန်ဖွင့်ပေးရန် ငါးရက်အတွင်း နှစ်ဦးသာတင်ပြ

တရုတ်ဘဏ်များတွင် သုံးနှစ်ခန့် အပိတ်ခံထားရသော မြန်မာကုန်သည်များ၏ ဘဏ်စာ ရင်း ပြန်လည်ဖွင့်လှစ်ပေးရန် မူဆယ်ခရိုင် အုပ်ချုပ်ရေးရုံး၌ အသိပေးစာ ထုတ်ပြန်ထားသော် လည်း ငါးရက်အတွင်း နှစ်ဦးသာ လာရောက်ဆက်သွယ်ကြောင်း မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက ပြောသည်။

ယခုနှစ်ဆန်းက ယူနန် ပြည်နယ်၌ တရုတ်၊ မြန်မာနှစ်နိုင်ငံအစိုးရ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပြီးနောက် မြန်မာကုန်သည်များ၏ ဘဏ်စာရင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရန် မတ်လ ၂၁ ရက်တွင် မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးက စာထုတ်ခဲ့သော်လည်း မတ်လ ၂၆ ရက်အထိ လာရောက်ဆက်သွယ်သူ နှစ်ဦးသာရှိကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

‘‘သူ့ဟာနဲ့သူ အဆင်ပြေ သွားလို့ဖြစ်မယ်’’ဟု ဦးကျော် ကျော်ထွန်းက ပြောသည်။ ဘဏ်စာရင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရန် ဘဏ်စာအုပ်အမည်၊ ဘဏ်စာအုပ်မိတ္တူ၊ ဘဏ်စာရင်းနံပါတ်များကို ယူနန်ပြည်နယ်အစိုးရက တောင်းယူခြင်းကြောင့် ၎င်းတို့ထံ မတ်လ ၂၄ရက်အရောက်တင်ပြရန် အသိပေးထားသည်။

တရုတ်နိုင်ငံတွင် ဘဏ်စာ ရင်းအပိတ်ခံထားရသော ကုန် သည်များအနေဖြင့် ယူနန်ပြည် နယ်အစိုးရက လက်ရှိဘဏ်စာ ရင်းများပါ စိစစ်မည်ကို စိုးရိမ်နေသဖြင့် ဘဏ်စာရင်း တင်ပြရန် စဉ်းစားနေခြင်း ဖြစ်နိုင်သည်ဟု မူဆယ်မြို့မှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ၎င်း၏အမြင်ကိုပြောသည်။

တရုတ်နိုင်ငံတွင် ဘဏ်စာ ရင်းဖွင့်လှစ်ထားသည့် မြန်မာ နိုင်ငံမှ သကြား၊ ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း စသည့် ကုန်သည်များသည် တရားမဝင် ငွေလွှဲပြောင်းမှုများရှိ သည်ဆိုသည့် ယူဆချက်ဖြင့် ပြီးခဲ့ သည့် ၂၀၁၅ ကစ၍ တရုတ် အစိုးရက မြန်မာကုန်သည်များ၏ ဘဏ်စာရင်းများကို ပိတ်ခဲ့ ကြောင်း မူဆယ်မြို့မှ ကုန်သည် အချို့က ပြောသည်။


7Day News Journal

No comments:

Post a Comment