အာစင်ဝင်းဂါးအား အာဆင်နယ်ပရိသတ်အချို့ ကန့်ကွက်ဆန္ဒပြ
အာဆင်နယ်ပရိသတ်တချို့က နည်းပြ အာစင်ဝင်းဂါးကို မတ်လ ၇ ရက်နေ့မှာ ကန့်ကွက် ဆန္ဒပြခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ ရှုံးထွက်ပွဲစဉ်မတိုင်ခင် အမ်းမရိတ် ဘောလုံးကွင်း အပြင်ဘက်မှာ ပရိသတ်တွေ စုရုံးပြီး ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။
လောလောဆယ်မှာ အာဆင်နယ်အသင်းဟာ ရလဒ်တွေဆိုးဝါးနေသလို နောက်ဆုံးကစားထားတဲ့ ၄ ပွဲမှာ ၃ ပွဲရှုံးထားပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ရောက်ရှိနေပါတယ်။
ဒါ့အပြင် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားနဲ့ ဝေးကွာနေတာ ၁၂ နှစ်လောက် ရှိနေပြီဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာတော့ အက်ဖ်အေဖလားတခုကိုပဲ ရရှိထားပါတယ်။
အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို ၁၉၉၆ မှာ စတင် ကိုင်တွယ်ခဲ့တာပါ။
ပရိသတ်တွေအနေနဲ့ ဖလားလက်မဲ့ရာသီကို ဖြတ်သန်းနေရတာ ကြာနေပြီဖြစ်လို့ သည်းမခံနိုင်ဘဲ ဆန္ဒပြကြတာ ဖြစ်ပါတယ်။
DVB
Thursday, March 9, 2017
အာစင်ဝင်းဂါးအား အာဆင်နယ်ပရိသတ်အချို့ ကန့်ကွက်ဆန္ဒပြ
အာစင်ဝင်းဂါးအား အာဆင်နယ်ပရိသတ်အချို့ ကန့်ကွက်ဆန္ဒပြ
Reviewed by Ar Ti
on
12:28 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment