Latest News

Wednesday, March 15, 2017

ပုသိမ်တွင် သိမ်းဆည်းမြေ ပြန်မရ၍ ဆန္ဒပြ

ပုသိမ်တွင် သိမ်းဆည်းမြေ ပြန်မရ၍ ဆန္ဒပြ

ပုသိမ်၊ မတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ဇင်ပြွန်းကုန်းကျေးရွာအုပ်စု၊ ပုသိမ်မှန်ချက်စက်ရုံ၏ အသုံးမပြုသော လစ်လပ်မြေများနှင့် နနွင်းဂယက်ကျေးရွာအုပ်စု သီဟိုဠ်စီမံကိန်း သိမ်းဆည်းမြေများ ပြန်မရသေး၍ နစ်နာသူ ဒေသခံများ စုပေါင်း၍ ယနေ့(မတ်လ ၁၅ ရက်) မွန်းလွဲပိုင်းက ဆန္ဒပြခဲ့ကြောင်း ပါဝင်ဆန္ဒပြသူများထံမှ သိရှိရသည်။

ပုသိမ်မြို့ ကန်သုံးဆင့် ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် စုပ်ရပ်ကာ မြို့အတွင်း လှည့်လည်ဆန္ဒပြခဲ့ကြောင်း၊ သိမ်းဆည်းမြေ ပြဿနာ အမြန် ဖြေရှင်းပေးရေး၊ လယ်စစ်ကော်မတီတွင် ပါဝင်သည့် တောင်သူ ကော်မတီများ ပြန်ရွေးချယ်ရေး စသည့် အချက်များ တောင်းဆိုကြောင်း ဦးဆောင်ဆန္ဒပြသူ ဦးထွန်းထွန်းက ပြောကြားသည်။

ဓာတ်ပုံ - မောင်မျိုးထက်(ပုသိမ်) The Voice

No comments:

Post a Comment