Latest News

Wednesday, March 8, 2017

ကချင်ပြည်နယ်တွင် ကျောင်းသား နှစ်ထောင်ကျော် စာမေးပွဲမဖြေ

ကချင်ပြည်နယ်တွင် ကျောင်းသား နှစ်ထောင်ကျော် စာမေးပွဲမဖြေ


ကချင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း ပထမနေ့ မြန်မာစာ စာမေးပွဲ ဖြေဆိုရန် ပျက်ကွက်သူ နှစ်ထောင်ကျော်ရှိကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။

တစ်ပြည်နယ်လုံးရှိ မြို့နယ် ၁၈ မြို့နယ်မှ ကျောင်းသားကျောင်းသူ ၃၂၈၄၇ ဦး စာရင်း ပေးထားပြီး ၃၀၆၃၇ ဦးသာ ဖြေဆိုသောကြောင့် ပျက်ကွက်သူ ၂၂၁၀ ဦးရှိကြောင်း ယင်းပညာရေးမှူးရုံးမှ သိရသည်။

ကချင်ပြည်နယ်အတွင်း ယခင်နှစ်က စာစစ်ဌာန ၆၀ ရှိရာမှ ယခုနှစ်တွင် စာစစ်ဌာန ၂ ခု ထပ်မံ တိုးချဲ့ချမှတ်ပေးခဲ့သဖြင့် စုစုပေါင်း စာစစ်ဌာ ၆၂ ခုတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုနေကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရှိရသည်။


The Voice

No comments:

Post a Comment