Latest News

Monday, March 20, 2017

ရေဖြူမြို့ နယ်၊ကျောက်ကညာကျေးရွာတွင် လက်နက်ခဲယမ်းများဖမ်းဆီးရမိ

ရေဖြူမြို့ နယ်၊ကျောက်ကညာကျေးရွာတွင် လက်နက်ခဲယမ်းများဖမ်းဆီးရမိ


ထားဝယ် မတ် ၂၀

တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင် ၊ ရေဖြူမြို့ မရဲစခန်းမှ မယ(ပ)/၂/၂၀၁၇ ၊ မူး/စိတ်ပုဒ်မ -၁၅/၁၉(က)/၂၁/၂၂(ခ) ဖြင့်အမှုမှတရားခံညီပု(ခ)ထွေးမင်းလတ် ၊ ညီငယ်(ခ)အောင်ထွေးတို့ အားမတ် ၁၉ ရက်နေ့ ည ၂၁း ၀၀ နာရီအချိန် တွင် ခေတ္တမြို့ နယ်ရဲတပ်ဖွဲ့ မှူး ဒုရဲမှူးအေးကျော် ၊ မြို့ မရဲစခန်းမှူး ဒုရဲမှူးကောင်းနိုင်တို့ ၏ ကြီးကြပ်မှုဖြင့် နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ် မျိုးဇော်လင်း ၊ တပ်ကြပ်ကြီးအောင်ကျော် ၊ တပ်ကြပ်ကျော်ဆန်းထူး ၊ တပ်ကြပ်ဆန်းဝင်း ၊ ဒုတပ်ကြပ်ရဲနိုင်လင်း ၊ ဒုတပ်ကြပ်စိုးသီဟတို့ ပါဝင်သော အမှုစစ်အဖွဲ့ မှ အမှုအားအသေးစိပ်စစ်ဆေးခဲ့ရာ ၄င်းတို့ ကိုင် ဆောင်ခဲ့သည်လက်နက်များအားညီငယ်၏နေအိမ်ခြံဝန်း အတွင်းဝှက်ထားကြောင်းသိရှိရသည်။

ထိုနောက်သက်သေကျောက်ကညာကျေးရွာအုပ်ချုပ်ရေးမှူးဦးသိန်းဇော်ဦး၊ရာအိမ်မှူး ဦးအုန်းလွင် ၊အရန်မီးသတ် တပ်ဖွဲ့ ဝင်များနှင့်အတူမတ် ၂၀ ရက်နေ့  ၀၁း၄၅ နာရီအချိန်တွင် ကျောက်ကညာကျေးရွာရှိညီငယ်၏နေအိမ်ခြံဝန်း အနောက်ဘက် နှင့် ရထားလမ်းအနီးခြုံတောအတွင်း မှ လက်နက်ခံယမ်းများအားသိမ်းဆည်းရမိသဖြင့် ဒုရဲအုပ် မျိုးဇော်လင်း မှ ရှာဖွေပုံစံဖြင့်သိမ်းဆည်းသည်။

အဆိုပါ လက်နက်ခဲယမ်းများမှာပစ္စတို(၁)လက် ၊ ၉မမကြည်(၁၅၇)ထောင့် ၊ ကျည်အိမ်(၂)ခု ၊ ၃၈ဗို့ ခြောက်လုံး ပြူး(၁)လက် ၊ ၃၈ဗို့ ကျည်(၂)ထောင့် ၊ ပွိုင့်-၂၂(၁)လက် ၊ပွိုင့်-၂၂ကျည်(၈၀၀)ထောင့် ၊ ကျည်အိမ်(၂)ခု ၊ ၁၂ ဗို့ ပြောင်းချောနှစ်လုံးပြူး(၁)လက် ၊ ၁၂ ဗို့ ကျည်(၁)ထောင့် ၊ ပွိုင့်-၂၂သေနတ်ထည့်သည့် သားရေအိတ်ရှည်(၁)ခု ၊ အစိမ်းရောင် ပစ္စတိုသေနတ်အိတ်(၁)ခု ၊အမည်းရောင်သားရေအိတ်(၁)ခု( ၁၂ ဗို့ ပြောင်းချောသေနတ်နှင့်ခြောက်လုံးပြူးထည့်လျက် တွေ့ ရှိ )၊ အနက်ရောင်ဘေးလွယ်အိတ်(၁)လုံး( ကျည်မျိုးစုံနှင့်ကျည်အိတ်များအားထည့်လျက် တွေ့ ရှိ) ၊ ဟွန်ဒါတံဆိပ်ပါ ကျားဝတ် ဂျာကင်(၁)ထည်( ပွိုင့်-၂၂ သေနတ် နှင့်ပစ္စတိုအားထုပ်လျက်တွေ့ ရှိ)ဖြစ်ကြောင်းသိရှိရပြီးလက်နက်ခဲယမ်းများသိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ အသေးစိတ် စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိသည်။
( ထားဝယ်ခရိုင်ပြန်/ဆက်ဦးစီးဌာန )Myanmaalinn

No comments:

Post a Comment