Latest News

Friday, March 17, 2017

အောင်ဝင်းခိုင်အား ဖမ်းဝရမ်းထပ်ထုတ်ပေးရန် တရားလို ရှေ့နေ ၏လျှောက်ထားမှုကို တရားရုံးကပယ်ချ

အောင်ဝင်းခိုင်အား ဖမ်းဝရမ်းထပ်ထုတ်ပေးရန် တရားလို ရှေ့နေ ၏လျှောက်ထားမှုကို တရားရုံးကပယ်ချ


NLD ပါတီမှ ဥပဒေအကြံပေး ဦးကိုနီ အား လုပ်ကြံသတ်ဖြတ်မှုတွင် ပူးပေါင်းပါဝင်ပြီး ထွက်ပြေးလွတ်မြောက် နေသော အောင်ဝင်းခိုင်အား ဖမ်းဝရမ်း ထပ်ထုတ်ပေးရန် လျှောက်ထားမှုကို မြောက်ပိုင်းခရိုင်တရားရုံးက ပယ်ချလိုက်ကြောင်း တရားလိုရှေ့နေ ဦးနေလက ပြောသည်။

လက်ရှိထုတ်ထားသည့် ဖမ်းဝရမ်းမှာ ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်ရှိ အောင်ဝင်ခိုင်၏ နေအိမ်ဖြစ်ပြီး အောင်ဝင်ခိုင် နောက်ဆုံး လွတ်မြောက် သွားသည့် နေရာမှာ နေပြည်တော်ရှိ ပရဆေး ဥယျာဉ် ထဲတွင် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

“ပထမ ၀ရမ်းထုတ်ထားတဲ့နေရာက ဘယ်နေရာကို ဆင့်ထုတ်ထားသလဲဆိုရင် ရန်ကုန်မြို့ ဒေါပုံမှာရှိတဲ့ အောင်ဝင်းခိုင်ရဲ့ နေအိမ်ကို ထုတ်ထားတာ။ အန်ကယ် တို့ ပြောတာက လွတ်မြောက်သွားတာက နေပြည်တော် ပရဆေး ဥယျာဉ်မှာ လွတ်မြောက်သွားတယ်။ ဒီလွတ်မြောက်သွားတဲ့ ကိစ္စကို အလွတ်ပြောတာ မဟုတ်ဘဲနဲ့ တရားရုံးမှာ ထွက်ဆိုတဲ့ ရဲအရာရှိ ကိုယ်တိုင်က အဲနေရာမှာ လွတ်မြောက်သွားပါတယ် ဆိုတဲ့ ထွက်ဆိုချက်လည်း ရှိတယ်။ ဒါကြောင့် လျှောက်ထားတာ ဖြစ်တယ်၊ တရားရုံးက အန်ကယ်တို့ လျှောက်ထားချက်ကို ခွင့်မပြုဘဲ ပယ်ချလိုက်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောသည်။

အောင်ဝင်းခိုင်အား တရာခံ ပြေးကြေညာရန် သင့်မသင့်ကို တရားရုံး လုပ်ထုံးလုပ်နည်းများဖြင့် ဆက်လက် လုပ်ဆောင်သွားမှာပြီး ၊ နောက် တစ်ပတ် ရုံးချိန်တွင် တရားခံပြေး ကြေညာမည်၊ မကြေညာ မည်ကို အမိန့်ချ မည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။

“ဦးကိုနီ ရဲ့ တရားမျှတမှု  အတွက်ကတော့ အောင်ဝင်းခိုင်ကို ဖမ်းမှရမယ်၊ အောင်ဝင်းခိုင်ဟာ နောက်ဆုံး ကွင်းဆက် ဖြစ်နေတဲ့ အတွက်ကြောင့် ကွင်းဆက် ပြတ်နေတယ်၊ ဒါကြောင့် မိုလို့ ဒီကွင်းဆက်ပြတ်တဲ့ ကိစ္စနဲ့ ပတ်သတ်လို့ကတော့ အန်ကယ်တို့ဘတ်က ကွင်းဆက်မပြတ်အောင် ဆောင်ရွက်ဖို့ ကြိုးစား နေတာပဲ” ဟု ဦးနေလက ဆိုသည်။

ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုတွင် ဖမ်းစီးရမိထားသည့် တရားခံများဖြစ်သည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း၊ ဇေယျာဖြိုး တို့ကို အမှု အမှတ် ၄၅/၂၀၁၇- ပုဒ်မ ၃၀၂/၃၄၊ ၂၁၂ တို့ဖြင့် တရားစွဲထားပြီး၊ ၄င်းတို့ထဲမှ ကြည်လင်းနှင့် အောင်ဝင်ဇော်တို့အား လက်နက်မှု ဖြစ်သည့် ၁၉ (ဃ) (စ) နှင့်ပါ တရားစွဲဆို ထားကြောင်း မြောက်ပိုင်းခရိုင် တရားရုံးမှ ဒုတိယ ခရိုင်တရားသူကြီး (၆) ဦးခင်မောင်မြင့်က တရား ရုံးထုတ် စစ်ဆေးပြီးချိန်တွင် ပြောကြားသည်။


အောင်ရဲနောင် ( The Ladies News )

No comments:

Post a Comment