Latest News

Friday, March 17, 2017

စိတ်ပျက်ပါ ဒါပေမဲ့ မရပ်လိုက်ပါနဲ့ ပြီးတော့ ရယ်မောခြင်းနဲ့ ရှေ့ဆက်လျှောက်ပါ

စိတ်ပျက်ပါ ဒါပေမဲ့ မရပ်လိုက်ပါနဲ့ ပြီးတော့ ရယ်မောခြင်းနဲ့ ရှေ့ဆက်လျှောက်ပါ


သွားပြီ။
ရှုံးပြီဆိုပြီ စိတ်ဓါတ်ကျသွားတဲ့ သူတွေ
အများကြီးရှိတယ်။

အရှုံးတွေကို ရင်မဆိုင်ရဲဘူး ….ဆိုပြီးတော့ နောက်ဆုတ်လက်လျော့ လိုက်တဲ့ သူတွေလည်း အများကြီး။

ရှုံးတယ် ဘာဖြစ်လဲ ဆက်လုပ်မှာပဲ။ အခါခါ လဲကျလည်း နောက်မဆုတ်ဘူး နိုင်အောင် တိုက်မယ် ဆိုတဲ့ သူကတော့ နည်းနည်းလေး။

အဲဒီထဲကမှ အောင်မြင်သွားတဲ့ သူက ပိုတောင် နည်းပါသေးတယ်။ ဒါပေမဲ့ အောင်မြင်တယ် မဟုတ်လား။

မသေမချင်း နိုင်အောင် တိုက်မယ် ဆိုတဲ့ စိတ်ဓါတ်ရှိမှ အောင်မြင်နိုင်တယ်။

ရှုံ့းမှာ နစ်နာမှာကြောက်ပြီး ရပ်ပစ်လိုက်ရင် မင်းမအောင်မြင်နိုင်တော့ဘူး။

တကယ်တော့ အမှားတို့ အရှုံးတို့ဆိုတာ ကို်ယ့်ကို ပေးလိုက်တဲ့ အတွေ့အကြုံကောင်းတစ်ခု၊ အောင်မြင်မှုရရှိစေဖို့အတွက် လှေခါးထစ်လေး တစ်ထစ်ပါ။

ဒီအဆင့်ကို မဖြတ်သန်းဘဲနဲ့  ထိတ်ကို မရောက်နိုင်သလို၊ ဒီအရှုံးမျိုး မကြုံဘူးဘဲနဲ့လည်း ကြီးကျယ်လှတဲ့အောင်မြင်မှုတွေကို မရရှိနိုင်ပါဘူး။

လောကကြီးမှာ မရှုံးဘူးတဲ့သူဆိုတာ မရှိနိုင်ပါဘူး။ လူတို်င်း ရှုံးဘူးကြပေမဲ့ လူတိုင်းတော့ အရှုံးတွေကနေ အောင်မြင်မှုတွေရလာအောင် မစွမ်းဆောင်နိုင်ကြတာလည်း တွေ့ရပါတယ်။

ကျွန်မအမြင်ပြောရရင်တော့ အရှုံးတွေကို အောင်မြင်မှုတွေဖြစ်လာအောင် အသုံးပြုတတ်တဲ့ သူနဲ့အသုံးမပြုနိုင်တဲ့ သူ ပဲကွာမယ်ထင်ပါရဲ့။

တကယ်ပဲ ကိုယ်က အောင်မြင်ချင်တယ်ဆိုရင်တော့အရှုံးတွေကို
 ပြောင်းလဲပစ်နိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။အဲဒီပညာရပ်ဟာ မခက်ပေမဲ့ မလွယ်ပါဘူး။

ကျွန်မ အတွေ့အကြုံအရ အကောင်းဆုံးအကြံပေးရရင်တော့ မှားတယ်၊ ရှုံးတယ်ဆိုတာကို လက်ခံလိုက်ပါ။ မှားလျက်နဲ့ မမှားဘူး၊ ရှုံးလျက်နဲ့ မရှုံးဘူးလို့  ဟန်မဆောင်မိပါစေနဲ့..အဲဒီလို ဟန်ဆောင်လိုက်တာနဲ့  ကိုယ်ရမဲ့ အောင်မြင်မှုဟာ ဝေးသွားတယ်၊ ကိုယ်တက်ရမဲ့ ခြေတစ်လှမ်းဟာ နောက်ကျသွားတယ်။

ဒါကြောင့်မှားပြီ၊ရှုံးပြီ ဆိုတာနဲ့အဲဒါကို ချက်ခြင်း လက်ခံလိုက်ပါ၊ တောင်းပန်သင့်ရင် တောင်းပန်လိုက်ပါ။ ပြီးရင် ကို်ယ့်အမှားနဲ့ အရှုံးကို  ပြန်မြင်အောင် ကြည့်ပါ၊ မြင်အောင် ကြည့်တဲ့နေရာမှာ ကိုယ့်ကိုယ်ကို ရိုးသားပါ၊ သစ္စာရှိပါ။ ကိုယ့်ကိုယ်ကို ရိုးသားတယ်ဆိုတာက အရှိကို အရှိတိုင်း မြင်တာပါ၊ ကိုယ်ရဲ့ အားနည်းချက်ကို မြင်အောင် ကြည့်ပြီးတဲ့အခါ အားသာချက်အဖြစ် မပြောင်းလဲနိုင်သေးတာကိုလည်း လက်ခံပါ။.

နောက်တစ်ခါ ဒီအားနည်းချက်ကြောင့် ထပ်မှားတာမျိုး မဖြစ်ရလေအောင် အဲဒီအားနည်းချက်ကို အသုံးပြုရမဲ့ အခြေအနေတွေကိုရှောင်လွဲပါ၊ အားသာချက်ကို များများအ သုံးပြုနိုင်အောင် ဆောင်ရွက်ပါ။

အဲလိုနဲ့
ကို်ယ့်ကိုကိုယ် ယုံကြည်မှုအားကောင်းလာပြီဆိုရင် စိတ်ဓါတ်ကျတာ၊ စိုးရိမ်သောကရောက်တာတွေ မရှိတော့ဘူး။ ယုံကြည်ချက်အားကောင်းနေတဲ့အတွက် အပြုစိတ်လည်းပိုများလာတယ်။ သူများကိုလည်း အပြစ်တင်တာတွေ မရှိတော့ပြန်ဘူး။ ဒါကြောင့် အောင်မြင်မှုကို အဟန့်အတားဖြစ်စေတဲ့  အပျက်စိတ်၊ အပြစ်တင်စိတ်၊ စိတ်ဓါတ်ကျခြင်းနဲ့စိုးရိမ်ကြီးခြင်းတွေလည်း မရှိတော့ပြန်ဘူး။

ဒါဆို ကိုယ်သွားချင်တဲ့ လမ်းက ပိုပြီး ပြတ်သားလာပြီ၊ မရှုပ်ထွေးတော့ဘူး၊ ပိုပြီးတော့လည်း စိတ်ဝင်စားမှုလည်း အားကောင်းလာတဲ့အတွက် ကိုယ်လိုချင်တဲ့ အရာကို ရရှိလာတော့တာပါပဲ။

ဒါကြောင့်မှားတာက အရေးမကြီးပါဘူး၊ ရှုံးသွားတာကလည်း အရေးမကြီးဘူး၊ အရေးကြီးတာက ရပ်မပစ်ဖို့ပါပဲ။

မရည်ရွယ်ဘဲနဲက အမှားတွေ ဆက်လုပ်နေရင်လည်း အဲဒီကနေ သင်ယူပြီး အကောင်းဆုံးဘ၀တစ်ခု ရလာနို်င်တာပဲ။ အမှားနဲ့ အရှုံးဆိုတာကို ကြောက်ပြီး ဘာမှ မလုပ်ဘဲနဲ့ ရှေ့မဆက်ဘဲနဲ့ရပ်ပစ်လိုက်တာကမှ တကယ့်ကို ရှုံးသွားတာပါ။

ဒါကြောင့် ရပ်မပစ်ဖို့ပဲ လိုပါတယ်။ မှားပါစေ၊ ရှုံးပါစေ…အဲဒီကနေ သင်ယူပြီး ရှေ့ဆက်ပါ။အမြဲတမ်း ရယ်မောလိုက်န်ုင်တဲ့ သတ္တိမျိုးလည်း ရှိစေချင်နယ်။

ကျွန်မလည်း မှားခဲ့တယ်၊ရှုံးခဲ့တယ် ဒီကနေ့မှာလည်း အမှားတွေရှိနေတုန်းပါပဲ၊ ဒါပေမဲ့ ရှေ့ဆက်နေတုန်းပါ။  ရယ်မောပြီး သင်ယူနေတုန်းပါ၊အရှုံးတွေကိုလည်း ရိုးသားစွာ လက်ခံနေရတုန်းပါ။ ဒါပေမဲ့ စိတ်မပျက်ပါဘူး၊ အရှုံးမပေးပါဘူး၊ ရပ်မပစ်ပါဘူးနော်။

ကျွန်မ အရမ်းသဘောကျတဲ့စကားတစ်ခွန်းရှိပါတယ်။ အဲဒါကတော့
ဘ၀မှာ အရေးကြီးတာက အောင်မြင်မှုရဖို့ မဟုတ်ပါဘူး၊ ရုန်းကန် လှုပ်ရှားနိုင်ဖို့ပါ။
…တဲ့။
ကျေးဇူးတင်ပါတယ်၊ မတူတဲ့ အမြင်များရှိရင်လည်း ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်ရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment