ကွတ်ခိုင်မြို့အနီးတိုက်ပွဲကြောင့် နန့်ဖတ်ကာ မြို့ထဲလက်နက်ကြီးကျည်
ကျပြီး ၁၃နှစ်အရွယ်ကျောင်းသူတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိ
မတ်၁၅ ရန်ကုန်။ ။ ကွတ်ခိုင်မြို့အနီးမှာ မနေ့ကမြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့တာကြောင့် ကွတ်ခိုင်မြို့အနီး နန့်ဖတ်ကာမြို့အတွင်း လက်နက်ကြီးကျည်များကျရောက်ပြီး အသက် ၁၃ နှစ်အရွယ် ကျောင်းသူတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တို့ကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လူနေအိမ်များရှိရာ နေရာများကို လက်နက်ကျည်များ ကျရောက်ခဲ့တယ်လို့ ဒေသခံ ဦးဘရန်ဆန့်က ပြောပါတယ်။
“ငါးနာရီလောက်ကြီး သူကအခန်းထဲက အိပ်နေတာ လက်နက်ကျလာမှ အခန်းထဲကနေဆွဲပြေးလာခဲ့ရတယ်။ အခုထိသတိပြန်မလည်သေးဘူး။အရိုးနဲ့ဦးနှောက်ကုရမယ်ပြောတယ်။ဒီမှာတော့မရဘူးတဲ့။မန္တလေးမှာသွားကုရမယ်။ပြောတယ်။ဒီနှစ်ငါးတန်းဖြေထားတာ။” လို့ လက်နက်ကြီးကျည် ပေါက်ကွဲမှုမှာ ထိမှန်ခံရသူ ကျောင်းသူရဲ့ဖခင် ဦးဘရန်ဆန့်က ပြောပါတယ်။
ဦးခေါင်းမှာဒဏ်ရာရထားတဲ့အသက် ၁၃ နှစ်အရွယ် မရွယ်ဆိုင်းလုံ ကိုလားရှိုးမြို့နယ် ဆေးရုံမှာ တင်ပို့ကုသထားတယ်လို့ သိရပါတယ်။
မနေ့ ကမနက် လေးနာရီခန့်ကနေ နံနက် ရှစ်နာရီခန့်ထိ မြန်မာ့တပ်မတော်နဲ့မြောက်ပိုင်းမဟာမိတ်တို့ကြား ကွတ်ခိုင်မြို့ပေါ်တပ်စခန်း၊ နမ့်ကွတ်၊နမ့်ဖာလုံ၊ ရူခင်းသာ၊ နန့်ဖတ်ကာ စတဲ့နေရာတွေမှာ တိုက်ပွဲများလေးကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဝင်းနန္ဒာ
Kumudra
Tuesday, March 14, 2017
ကွတ်ခိုင်မြို့အနီးတိုက်ပွဲကြောင့် နန့်ဖတ်ကာ မြို့ထဲလက်နက်ကြီးကျည် ကျပြီး ၁၃နှစ်အရွယ်ကျောင်းသူတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိ
ကွတ်ခိုင်မြို့အနီးတိုက်ပွဲကြောင့် နန့်ဖတ်ကာ မြို့ထဲလက်နက်ကြီးကျည် ကျပြီး ၁၃နှစ်အရွယ်ကျောင်းသူတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိ
Reviewed by Ar Ti
on
11:13 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment