Latest News

Wednesday, March 22, 2017

မိုးညှင်း ဘုရားအလှူခံပုံး ငွေဖောက်ခိုးသူကို ၁ ပတ်အကြာတွင် ဖမ်းမိ

မိုးညှင်း ဘုရားအလှူခံပုံး ငွေဖောက်ခိုးသူကို ၁ ပတ်အကြာတွင် ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြေနဲ့ကျေးရွာ၊ မိုးညှင်းသမ္ဗုဒ္ဓေဘုရား အလှူခံပုံးမှာ မတ်လ ၁၄ ရက်နေ့က ငွေဖောက်ထွင်းခိုးယူခဲ့သူကို ၁ ပတ်ကျော်အကြာ မတ်လ ၂၃ ရက်နေ့ မနက်ပိုင်းမှာ မုံရွာမြို့မရဲစခန်းက ဖမ်းဆီးရမိခဲ့ပါတယ်။

ရဲစခန်းရဲ့ စစ်ဆေးချက်တွေအရ အလှူခံပုံး ဖောက်ထွင်းခိုးယူသူမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့၊ အမှတ် ၁ ရပ်ကွက်မြို့သစ်မှာ နေထိုင်သူ ကျပန်းလုပ်ကိုင်တဲ့ အသက် ၃၂ နှစ်အရွယ် မျိုးအောင်ထက် (ခေါ်)ပြဲပြဲ ဆိုသူဖြစ်ပါတယ်။

ဖြစ်စဉ်မှာ လွန်ခဲ့တဲ့ တပတ်ကျော်ကြာအချိန်က ငွေခိုးယူသွားသူလို့ သံသယရှိသူနဲ့ ပုံစံတူလူတဦးကို မြေနဲ့ရွာမှာ ဆိုင်ကယ် ကယ်ရီမောင်းသူ ကိုမျိုးတင့်ကတွေ့ရှိလို့ ရဲစခန်းကို ဆက်သွယ် အကြောင်းကြားရာ မုံရွာ-ရွှေဘိုပြေးဆွဲနေတဲ့ ကံရာမင်းကားပေါ်မှာ မသင်္ကာဖွယ်လူတဦးကို ငွေစက္ကူရောရာ ၇ သိန်း ၆ သောင်းကျော်နဲ့အတူ ရှာဖွေတွေ့ရှိခဲ့ပြီး စခန်းကို ခေါ်ယူစစ်ဆေးရာမှ ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မုံရွာမြို့မရဲစခန်းက (ပ)၂၇၆/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ မုံရွာမြို့မရဲစခန်းက သိရပါတယ်။ ဒီဗွီဘီ

No comments:

Post a Comment