Latest News

Tuesday, March 7, 2017

မဟာမိတ် တပ် ကို အမြစ်ပြုတ်ချေမှုန်းရန်ရည်ရွယ်နေသဖြင့် ပြန်တိုက်ခြင်းဖြစ်ကြောင်း ကိုးကန့် ထုတ်ပြန်

မဟာမိတ် တပ် ကို အမြစ်ပြုတ်ချေမှုန်းရန်ရည်ရွယ်နေသဖြင့် ပြန်တိုက်ခြင်းဖြစ်ကြောင်း ကိုးကန့် ထုတ်ပြန်

မြန်မာ တပ်မတော် က မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ကို အမြစ်ပြုတ်ချေမှုန်းဖို့ ရည်ရွယ်နေတာကြောင့် ပြန်လည် တိုက်ခိုက်ခြင်းဖြစ်ကြောင်း လောက်ကိုင်တိုက်ပွဲနဲ့ ပတ်သက်ပြီး ကိုးကန့် တပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က တပ်မတော် ဘက်က တပ်မ ၇၇၊ တပ်မ ၅၅ နဲ့ စကခ ၁၆တပ်တွေကို ကိုးကန့် ဒေသမှာ စုရုံးပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကာ မဟာမိတ် တပ်တွေကို အမြစ်ပြုတ်ချေမှုန်းဖို့ ရည်ရွယ်နေတဲ့အတွက် ပြန်လည်တိုက်ခိုက်ရ တာဖြစ်တယ်လို့ ကိုးကန့် က ထုတ်ပြန်ကြေညာပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကတော့ ဌာနေမျိုးနွယ်စုတွေ သေကြေထိခိုက်ပြီး အပြစ်မဲ့ ပြည်သူတွေ ဒုက္ခကြုံတွေ့စေတဲ့ လက်နက်ကိုင်တိုက်ခိုက်မှုကို စွန့်လွတ်ပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ လာရောက်ဖို့ မနေ့ညကြေညာချက်ထုတ်ပြန်ဖိတ်ခေါ်ခဲ့ပါတယ်။

ကိုးကန့် ဒေသမှာ ဇန်နဝါရီ ၆ ရက်နေ့ မနက် ၂ ရီမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးတော့ အရပ်သားပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိကြပြီး အခုအချိန်ထိလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

နိုင်နိုင်
Credit :DVB



No comments:

Post a Comment