Latest News

Friday, March 10, 2017

ဦးဝီရသူကို တရားဟောခွင့် တစ်နှစ်ပိတ်

ဦးဝီရသူကို တရားဟောခွင့် တစ်နှစ်ပိတ်

တားမြစ်ချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိဘူးဆိုရင် တည်ဆဲဥပဒေတွေအရ အရေးယူဆောင်ရွက်သွားမယ်။

မဘသဦးဆောင် ဆရာတော်တစ်ပါးဖြစ်တဲ့  ဦးဝီရသူကို တရားဟောခွင့် တစ်နှစ်ပိတ်လိုက်တယ်လို့ သိရပါတယ်။  မတ်လ ၉ ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံတော် သံင်္ဃာမဟာ နာယက အဖွဲ့ရဲ့ ၄၇ ပါးစုံညီ အထူးအစည်းအဝေးမှာ ယခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မန္တလေးမြို့ ၊ မဟာအောင်မြေ မြို့နယ် မစိုးရိမ်တိုက်သစ်ရဲ့ နာယကအဖွဲ့ဝင် ဆရာတော် ဦးဝီရသူဟာ ဘာသာတစ်ခုနဲ့တစ်ခုအကြား အမုန်းတရားပွားများစေပြီး ဘာသာရေး အဓိကရုဏ်း ဖြစ်စေရန်၊ အမုန်းတရား ကြီးထွားစေရန်၊ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေရန်နဲ့ နိုင်ငံရေး ပါတီများအကြား ဘက်လိုက်ဟောပြောမှုများကို ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့တယ်လို့ သံဃမဟာနာယကအဖွဲ့ရဲ့ ညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။

တားမြစ်ချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိဘူးဆိုရင် တည်ဆဲဥပဒေတွေအရ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ညွှန်ကြားထားပါတယ်။


ဦးကိုနီလုပ်ကြံခံရမှုမှာ ဦးဝီရသူရဲ့ လူမှုကွန်ယက်ပေါ်ရေးသားချက်တွေကို ဝေဖန်မှု အမြောက်အများ ရှိနေချိန်မှာ ယခု ညွှန်ကြားချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

‘‘ဒီပွဲမှာတော့ အနာဂတ်မြန် မာ့သာသနာအတွက် စိုးရိမ်မှုတွေ ကင်းပျောက်သွားလို့ စိတ်သက်သာရာတော့ ရလိုက်တယ်။ ကြည်လင်းကို ကျေးဇူးတင်တယ်။ အောင်ဝင်းဇော်ကို ကျေးဇူးတင်တယ်။ အောင်ဝင်းခိုင်ကို ကျေးဇူးတင်တယ်။ ဇေယျာဖြိုးကို ကျေးဇူးတင်တယ်’’လို့ ဦးဝီရသူက ရေးသားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါရေးသားချက်နဲ့ပတ်သက်လို့ The Speaker ဂျာနယ်က မေးမြန်းခဲ့တဲ့အခါမှာလည်း ‘‘အဓိကကတော့ တောတစ်တောရှင်းသွားတာပေါ့။ ဆိုလိုချင်တာက ရပ်ကွက်ထဲမှာ ခွေးရူးတစ်ကောင် သောင်းကျန်းနေတယ်။ ပါဏာတိပါတဆိုတဲ့ သိက္ခာပုဒ်ကြီးကို ထိန်းနေရတယ်။ ဒါပေမဲ့ ဒီခွေးရူးရဲ့ဒဏ်ကို တစ်ရပ်ကွက်လုံးက ခံနေရတယ်။ အဲဒီအချိန်မှာ အဲဒီခွေးရူးကို ရှင်းတဲ့လူတစ်ယောက်ပေါ်လာတယ်ပေါ့။ ခွေးရူးအပေါ်တော့ မေတ္တာ၊ ကရုဏာထားတယ်။ ခွေးရူးဒဏ်ခံနေရတာကိုတော့ ပြည်သူတွေက မလိုလားဘူး။အနစ်နာခံပြီးတော့ အကုသိုလ်အဖြစ်ခံပြီး ရပ်အကျိုးရွာအကျိုးကို သယ်ပိုးလိုက်တဲ့လူတစ်ယောက်ကို နင့်ကြောင့် ငါတို့ရပ်ရွာလေးအေးချမ်းသွားတယ်။ ခွေးရူးအန္တရာယ်ကင်းဝေးသွားတယ်။ အဲဒီအတွက် ကျေးဇူးတင်တဲ့ပုံစံ လေးပါ’’ လို့ ဦးဝီရသူက ပြန်လည်မိန့်ကြားခဲ့ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ သတင်း -ကိုဆွေဝင်းကို အမှုဖွင့်ထားတာကို ပြန်လည်ရုပ်သိမ်းဖို့ စဉ်းစားခဲ့ပေမယ့် ဆက်ဖွင့်မယ်လို့ တိုင်ကြားသူက ပြောကြား )
Photos & Source: 7Day Daily, The Voice, Duwun



No comments:

Post a Comment