မိုင်းတုံမြို့ အ.ထ.က စာစစ်ဌာန စာဖြေခန်း အမှတ် (၆) မီးရှို့ဖျက်ဆီးခံရမှုဖြစ်ပွား
မိုင်းတုံ မတ် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ယနေ့နံနက်(၆)နာရီခန့် တွင် နောင်ပါရင်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း ပတ္တမြားအဆောင် သံကူကွန်ကရစ်(၄)ခန်းတွဲ စာဖြေခန်း အမှတ် (၆) အတွင်း စာဖြေခုံ၊ စာရေးခုံ၊ ထိုင်ခုံများအကြား လိုက်ကာစ စုပုံ၍ မီးရှို့ဖျက်ဆီးမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၅ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် မိုင်းတုံမြို့ အခြေခံပညာ အထက်တန်းကျောင်း စာစစ် ဌာန ကြီးကြပ်ရေးမှူး ဦးသန်းစိုးသည်(လက်ရှိ တာဝန်-ကျောင်းအုပ်ကြီး-အထကတာလေ) ကျောင်းဝန်းအတွင်း လှည့် လည်စစ်ဆေးစဉ် အလျား(၃၀)ပေ၊ အနံ(၂၄)ပေ၊ အမြင့်(၁၂)ပေရှိ အကာကွန်ကရစ်၊ အခင်းအင်္ဂတေ၊ အမိုးမျက်နှာ ကျက် ကျောက်ပြားအမိုး ကျောင်းဆောင်စာဖြေခန်း အမှတ် (၆) အတွင်း စာဖြေခုံ၊ စာရေးခုံ၊ ထိုင်ခုံ၊ အနက်ရောင်စာသင်ဘောတို့ အား အခန်းအလယ်စုပုံ၍ အ၀ါရောင်တွင် အဖြူပွင့်များပါလိုက်ကာစဖြင့် မီးရှို့ထားကြောင်း တွေ့ရှိရသဖြင့် မီးသတ်တပ်ဖွဲ့ နှင့် ရဲစခန်းသို့ အကြောင်းကြားရာ မိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့ ယာယီရဲမှူးသောမတ်နှင့် မြို့နယ်ရဲစခန်းမှူး ဒုရဲမှူးသန်းလွင် ဦးစီးသော ရဲတပ်ဖွဲ့ဝင်(၁၀)ဦး၊ မိုင်းတုံမြို့မီးသတ်တပ်ဖွဲ့စခန်းမှ တပ်ကြပ် မြတ်မင်းဦးစီးသော မီးသတ်တပ်ဖွဲ့ဝင် (၄)ဦး၊ မီးသတ်ယာဉ်(၁)စီးဖြင့် လာရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၅ မိနစ်အချိန်တွင် မီးညွှန့်ကျိုးပြီး နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အလျား(၅)ပေ၊ အနံ(၁)ပေ၊ အမြင့်(၂)ပေခွဲ အင်ကြင်းသား စာရေးခုံ(၁၂)လုံး၊ အလျား(၅)ပေ၊ အနံ(၁)ပေ၊ အမြင့်(၁)ပေ(၈)လက်မ အင်ကြင်းသား ထိုင်ခုံ(၇)လုံး၊ မျက်နှာ ကျက်ကျောက်ပြား(၃၅) ပြား၊ ပြတင်းပေါက်မှန် (၃၆)ချပ်၊ အလျား (၁၀)ပေခွဲ၊ အနံ (၄)ပေ၊ အနက်ရောင် စာသင်ဘော (၁)ချပ် တို့ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပြီး မီးရှိုခဲ့သူအား ဥပဒေအရ အရေးယူပေးပါရန် မိုင်းတုံမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ မ-၂၁၆၁၁ တပ်ကြပ် မြတ်မင်း (စခန်းယာယီတာ ၀န်ခံ)မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် (ဎ)၄/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၄၃၆ဖြင့် အမှုဖွင့် လှစ်ပြီး အမှုစစ်အဖြစ် ရဲ ၄၅၆၅ ဒုရဲမှူး သန်းလွင်မှ လက်ခံစစ်ဆေး လျှက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်
Wednesday, March 15, 2017
မိုင်းတုံမြို့ အ.ထ.က စာစစ်ဌာန စာဖြေခန်း အမှတ် (၆) မီးရှို့ဖျက်ဆီးခံရမှုဖြစ်ပွား
မိုင်းတုံမြို့ အ.ထ.က စာစစ်ဌာန စာဖြေခန်း အမှတ် (၆) မီးရှို့ဖျက်ဆီးခံရမှုဖြစ်ပွား
Reviewed by Ar Ti
on
2:38 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment