Latest News

Sunday, March 5, 2017

ကလေးငယ်ကို အဓမ္မပြုကျင့်သည့် ယာဉ်မောင်းအမျိုးသား မတ်လ ၆ ရက်တွင် ရုံးထုတ်မည်

ကလေးငယ်ကို အဓမ္မပြုကျင့်သည့် ယာဉ်မောင်းအမျိုးသား မတ်လ ၆ ရက်တွင် ရုံးထုတ်မည်

မွေးစားထားသည့် က လေးငယ်ခုနစ်ဦးအနက် အသက် (၇)နှစ်အောက် မိန်းကလေး လေး ဦးအား အဓမ္မပြုကျင့်ခဲ့သော အမျိုးသားကို မတ်လ ၆ ရက်တွင် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးမည်ဖြစ်သည်။

အဓမ္မပြုကျင့်ခံရသည့် က လေးငယ်လေးဦးမှာ အသက်(၇) နှစ်အရွယ်တစ်ဦး၊ အသက်(၅) နှစ်အရွယ်နှစ်ဦး၊ အသက်(၃)နှစ် ခန့်အရွယ်တစ်ဦးတို့ဖြစ်ပြီး ပြစ်မှု ကျူးလွန်သူဟု ယူဆရသော အ သက် (၄၃)နှစ်အရွယ် ယာဉ် မောင်း လှမိုး(ခ)နီတွတ်ကို ဖေ ဖော်ဝါရီ ၂၃ ရက်၌ ရန်ကုန်အ ရှေ့ပိုင်းခရိုင်တရားရုံးက ရာဇ သတ်ကြီးပုဒ်မ ၃၇၆/၃၇၇ ဖြင့် တရားစွဲဆိုထားသည်။

‘‘ကျွန်တော်တို့ဆီကို ဇန်န၀ါ ရီလထဲမှာ အမှုလာဖွင့်တယ်။အဲဒီ လ ၂၆ ရက် ညနေက ရန်ကုန်ဆေး ရုံကြီးမှာ ဆေးစစ်တယ်။ ဆေးစစ် စာထွက်လာတဲ့အဖြေအရ အမှုဖွင့်တရားစွဲဆိုတာပါ။ အမှုနဲ့ပတ် သက်သူတချို့ကိုလည်း စစ်ဆေး နေပါတယ်’’ဟု ဗိုလ်တထောင်မြို့ နယ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သက်နိုင်ဦးကပြောသည်။

ဗိုလ်တထောင်မြို့နယ် လမ်း သွယ်(၂)ရှိ တိုက်ခန်းတစ်ခန်းတွင် အခန်းပိုင်ရှင် ဒေါ်ခမ်းဆိုသူက အသက်(၃)နှစ်မှ (၇)နှစ်ကြားရှိ မိန်းကလေးငယ်လေးဦးနှင့် အ သက်(၁၁)နှစ်နှင့် အသက်(၅)နှစ် အရွယ် ယောက်ျားလေးသုံးဦးကို မွေးစားထားရာ ကလေးငယ်များ ညှဉ်းပန်းနှိပ်စက်ခံနေရကြောင်း ရပ်ကွက်နေသူများက တာဝန်ရှိ သူများထံ သတင်းပေးတိုင်ကြားခဲ့သည်။

အဆိုပါ ကလေးများအနက် လူမှုဝန်ထမ်းဦးစီးဌာနမှ ခေါ်ယူ မွေးစားထားသည့် ကလေးအချို့ ပါဝင်ကြောင်း အထက်ပါ ဒုရဲမှူး က အတည်ပြုပြောကြားသည်။

 အဓမ္မပြုကျင့်ခံရသည်ဆို သော ကလေးငယ်လေးဦး အပါအ၀င် ကလေးအားလုံးကို လူမှုဝန် ထမ်းဦးစီးဌာနတွင် ခေတ္တထိန်း သိမ်းစောင့်ရှောက်ထားသည်

7Day News Journal

No comments:

Post a Comment