Latest News

Monday, March 20, 2017

ကိုဆွေဝင်းအား ရာဇသတ်ကြီးပုဒ်မများဖြင့် အရေးယူပေးပါရန် ဦးတိုက်လျှောက်ထားမှု ကျောက်တံတားတရားရုံးမှ လက်ခံ

ကိုဆွေဝင်းအား ရာဇသတ်ကြီးပုဒ်မများဖြင့် အရေးယူပေးပါရန် ဦးတိုက်လျှောက်ထားမှု ကျောက်တံတားတရားရုံးမှ လက်ခံ

ဦးဝီရသူနှင့်ပတ်သက်၍ RFA နှင့်အင်တာဗျုးတွင် Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်း၏ပြောကြားချက်များသည် သာသနာကိုညိုးနွမ်းစေသည်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မများဖြင့် အရေးယူပေးပါရန် ကိုသက်မျိုးဦးဆိုသူက ကျောက်တံတားတရားရုံးသို့ ဦးတိုက်လျှောက်ထားခြင်းကို တရားရုံးမှ လက်ခံလိုက်ကြောင်း သိရသည်။

''ကျွန်တော်ကတော့ သာသနာညှိုးနွမ်းစေမှုနဲ့စွဲတာပါ။ အမှုအမှတ် ၆၈/၂၀၁၇ နဲ့ လက်ခံလိုက်တယ်။ ရုံးချိန်းက ဧပြီ ၃ ရက်နေ့ပါ"ဟု ကိုသက်မျိုးဦးက ပြောသည်။

ကိုသက်မျိုးဦး၏တိုင်ကြားစာတွင် “ကျွန်တော် ခုနက အပြတ်ပြောပြီးပြီ။ ဦးဝီရသူက ပါရာဇိကကျတယ်ဆိုတာလို့ပြောတာဟာ တော်တော်လေးတောင် သက်ညှာတာ။ လူဖြစ်ရင်ဆိုရင် လူအဆင့်မရှိဘူး။ ကျွန်တော် တရားဝင်ပြောတာ။ ဦးဝီရသူက ဒုစရိုက်သမားပဲ” အစရှိသည့် ကိုဆွေဝင်း၏ပြောကြားချက်များကို ထည့်သွင်းတင်ပြခဲ့သည်။

ကိုဆွေဝင်း၏ အဆိုပါပြောစကားများသည် ဗုဒ္ဓဘာသာကိုးကွယ်သူများအတွက် စိတ်ထိခိုက်နာကျင်စေမှုများဖြစ်ပေါ်စေ၍ ယခုကဲ့သို့ တရားရုံးတွင်ဦးတိုက်လျှောက်ထားခြင်းဖြစ်ကြောင်း၊ မည်သူ့တိုက်တွန်းချက်မှမပါကြောင်း ၎င်းကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကိုဆွေဝင်းဘက်မှ လိုက်ပါဆောင်ရွက်ပေးသူ ဥပဒေအကြံပေး ဦးခင်မောင်မြင့်အား ဆက်သွယ်မေးမြန်းရာ ၎င်းက “ဟုတ်ပါတယ်။ ကြည့်မြင်တိုင်မြို့နယ်မှာနေနတဲ့ ကိုသက်မျိုးဦးဆိုသူက တိုင်ကြားတာ။ သူဖွင့်တာကတော့ သနာညိုးနွမ်းစေမှု ရာဇသတ်ကြီးပုဒ်မ ၂၉၅(က) နဲ့ပေါ့။ ရဲစခန်းကို အရင်တိုင်တာမှာ စခန်းက တရားရုံးကို ဦးတိုက်လျှောက်ဖို့ ညွှန်ကြားလိုက်တယ်။ ဒါကို တရားရုံးက လက်ခံထားပြီး အမှုမှန်ကန်မှုရှိမရှိ စစ်ဆေးပေးဖို့ ရဲစခန်းကို ပြန်ချပေးလိုက်တယ်ပေါ့”ဟု News Watch သို့ ပြောကြားသည်။

ကိုခက်( News Watch )

No comments:

Post a Comment