Latest News

Thursday, March 16, 2017

ဖိလစ်ပိုင်သမ္မတ ဒူတာတေးကို စွပ်စွဲပြစ်တင်ပြီး ရာထူးမှဖယ်ရှားရန် လွှတ်တော်သို့ အဆိုတင်သွင်း

ဖိလစ်ပိုင်သမ္မတ ဒူတာတေးကို စွပ်စွဲပြစ်တင်ပြီး ရာထူးမှဖယ်ရှားရန် လွှတ်တော်သို့ အဆိုတင်သွင်း

အတိုက်အခံအမတ် ဂယ်ရီအယ်လ်လီဂျာနိုက ဒူတာတေး ဖုံးကွယ်ထားတဲ့ ပြစ်မှုစာရင်းတွေအရ ၎င်းကို သမ္မတအဖြစ်မှ ဖယ်ရှားသင့်ကြောင်း ပြောပါတယ်။

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) ကို စွပ်စွဲပြင်တင်ပြီး ရာထူးမှဖယ်ရှားရန် အတိုက်အခံ အမတ်တစ်ဦးက လွှတ်တော်သို့ အဆိုတင်သွင်းခဲ့ကြောင်း သိရပါတယ်။ ရာဇဝတ်မှုများ ပိုမိုဖြစ်ပွားလာမှု၊ အများပြည်သူယုံကြည်မှုကို သစ္စာဖောက်မှုနဲ့ အာဏာအလွဲသုံးစားမှုတို့ဖြင့် စွဲချက်တင်ကာ ဒူတာတေးအား သမ္မတရာထူးမှ ဖယ်ရှားရန် လွှတ်တော်သို့ အဆိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဖိလစ်ပိုင် အောက်လွှတ်တော်မှ အတိုက်အခံအမတ် ဂယ်ရီအယ်လ်လီဂျာနိုက ဒူတာတေး ဖုံးကွယ်ထားတဲ့ ပြစ်မှုစာရင်းတွေအရ ၎င်းကို သမ္မတအဖြစ်မှ ဖယ်ရှားသင့်ကြောင်း ပြောကြားပါတယ်။

ဒူတာတေးဟာ ပိုင်ဆိုင်မှုများ သိုဝှက်ပိုင်ဆိုင်ထားခြင်း၊ မူးယစ်ဆေးဝါးနဲ့ဆက်နွယ်ပြီး ဥပဒေကျော်လွတ်သတ်ဖြတ်မှုများနဲ့ ဒါဗာအိုမြို့ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့စဉ်က သေမင်းတမန်အဖွဲ့ ဖွဲ့စည်းစေခိုင်းခဲ့ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း အဆိုပါအမတ်က စွပ်စွဲထားပါတယ်။ "ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က သမ္မတဒူတာတေးရဲ့ အာဏာအလွဲသုံးစားပြုမှုနဲ့ ရာဇဝတ်မှုတွေကို ဖိလစ်ပိုင်ပြည်သူတွေ ကန့်ကွက်ပြောကြားခွင့်ရရေး ဖြစ်ပါတယ်" လို့ အတိုက်အခံ လွှတ်တော်အမတ်က ပြောထားပါတယ်။


"ဒါဟာ ခက်ခဲတဲ့ တိုက်ပွဲဆိုတာ ကျွန်တော်တို့ သိပါတယ်၊ ဒါပေမဲ့ ဒီ အဆိုကို ထောက်ခံအများအပြား ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်" လို့လည်း လွှတ်တော်အမတ် အယ်လ်လီဂျာနိုက ဆိုပါတယ်။ သမ္မတဒူတာတေးဟာ ၎င်းအပေါ် အလားတူ စွပ်စွဲမှုတွေကို ယခင်ကလည်း ပယ်ချခဲ့ဖူးပါတယ်။ ဒူတာတေးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က လွှတ်တော်မတ် အလ်လီဂျာနိုဟာ အစိုးရကို ပြည်သူတွေကြား သံသယဖြစ်စေရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ယနေ့ (မတ်လ ၁၆ ရက်) ပြောပါတယ်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ အာဏာရလာခဲ့ပြီးနောက် ကြမ်းတမ်းပြင်းထန်တဲ့ မူးယစ်ဆေးဝါးနှိမ်နင်းမှု စစ်ဆင်ရေးကို ဆင်နွှဲနေခဲ့ရာ လက်ရှိအချိန်ထိ လူ ၈,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ မြန်မာနိုင်ငံကို ချစ်ကြည်ရေး အလည်အပတ်ခရီးစဉ်အဖြစ် မတ်လ ၁၉ ရက်မှာ ရောက်ရှိမယ်လို့ သိရပါတယ်။Soruce & Duwun

No comments:

Post a Comment