Latest News

Wednesday, March 22, 2017

ရန်ကုန်မြို့သစ်၊ အိမ်ရာနှင့် အထူးစီးပွားရေးဇုန်စီမံကိန်း စတင်သွားမည်


ရန်ကုန် ၊ ၁၃ မတ်၊ ၂၀၁၇ ။ ။ ရန်ကုန်မှာ သီလ၀ါအထူးစီးပွားရေးဇုန်အပြင် ဒုတိယအဆင့်အနေနဲ့ ရန်ကုန်အထူးစီးပွားရေးဇုန်ဖော်ဆောင်သွားဖို့ရှိတယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးအုန်းမောင်က မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှာ
ကျင်းပ ခဲ့တဲ့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ ဒုတိယ
အကြိမ် ပုံမှန် တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ်ကလည်း ရန်ကုန်အထူးစီးပွားရေးဇုန် တစ်ခု ဒလဘက်ကမ်းမှာ ပေါ်ပေါက်လာဖို့ရှိပြီး ရေနက်ဆိပ်ကမ်းတစ်ခုနှင့် လေယာဉ်ကွင်းတစ်ခုလျာထား တယ်လို့ တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။

နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် တိုင်းပြည်ဘဏ္ဍာငွေများစွာ ရှာဖွေပေးနေသည့် စက်မှုဇုန်ကဏ္ဍ တိုးတက်ဖွံ့ဖြိုးဖို့ လိုအပ်တဲ့အတွက် စက်မှုဇုန်သစ်များ ထပ်မံအကောင်အထည်ဖော်သွားဖို့ ရှိတဲ့အပြင် စက်မှုဇုန်တွင်း လမ်း၊ လျှပ်စစ်၊ ရေဆိုးစတာတွေကိုလည်း စနစ်တကျကောင်းမွန်နေအောင် လုပ်ကိုင်ပေးသွား မယ်လို့ ပြောခဲ့ပါတယ်။ စက်မှုဇုန်အသစ်တစ်ခုအနေနဲ့ ရွာသာကြီးအနီးရှိ အိုးအိမ်ဦးစီးဌာနပိုင် မြေနေရာမှာ
ထူထောင်ပေးခဲ့တဲ့ မျိုးစပါးစိုက်ပျိုးရေး ဇုန်နှစ်ခုနေရာမှာ ရင်းနှီးမြှုပ်နှံမှုများ အစုအဖွဲ့အလိုက် (ဥပမာ လုပ်ငန်း ၅၀) လာမည်ဆိုပါက ထိုနေရာကို အစိုးရရဲ့ သင့်တင့်မျှတတဲ့ ဈေးနဲ့အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွား မယ်လို့လည်း သိရပါတယ်။ အစိုးရအနေနဲ့ စက်မှုဇုန်အတွင်းမှာ လူနေထိုင်ခြင်းကို ခွင့်ပြုသွားမှာ
မဟုတ်ဘဲ စက်ရုံလုပ်သားများ သွားလာရေး အဆင်ပြေစေဖို့အတွက် စက်မှုဇုန်နဲ့ အနီးဆုံးနေရာတွေမှာ
အိမ်ရာစီမံကိန်း တွေကို ဆောင်ရွက်သွားဖို့ရှိတယ်လို့ သိရပါတယ်။

ဒါအပြင် ရန်ကုန်မြို့သစ်စီမံကိန်းအနေနဲ့ ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာ လာမည့်ဘဏ္ဍာနှစ်အမီ
ဆောင်ရွက်သွားမယ်လို့လည်း သိရပြီး ဒီစီမံကိန်းမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်အားလုံးပါဝင်ခွင့်ရရန် ဆောင် ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ပတ်ပတ်လည်မှာလည်း အိမ်ရာစီမံကိန်းများကို အကောင် အထည်ဖော်သွားမည်ဟုသိရပြီး ရန်ကုန်တွင် အလုံးအရင်းဖြင့် လူများရွှေ့ပြောင်းနေထိုင်မှု
မဖြစ်စေရန် အခြား ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာလည်း စက်မှုဇုန်စီမံကိန်းများ၊ အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော် ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အစိုးရအနေနဲ့ အိမ်ရာစီမံကိန်းများကို
အကောင်အထည် ဖော်ရာမှာ စနစ်ပုံစံအမျိုးမျိုးမဖြစ်စေရေးအတွက် ရန်ကုန်တွင် အိမ်ရာ ရောင်းဝယ်ပေးသည့် စနစ်တစ်ခုကို ADB နှင့် World Bank တို့က ကျွမ်းကျင်သူတွေနဲ့ ညှိနှိုင်းပြီး ချမှတ်ပေးသွားမယ်လို့
သိရပါတယ်။
..............................
ABOUT House.com.mm
           မြန်မာပြည်တွင် ၂၀၁၂ ခုနှစ်မှာစတင်ခဲ့တဲ့ House.com.mm ဟာ Rocket Internet ရဲ့လက်ခွဲကုမ္ပဏီတစ်ခုဖြစ်ပြီး Motors.com.mm ၊ Work.com.mm ၊ Shop.com.mm ၊ နှင့် Ads.com.mm စတဲ့ကုမ္ပဏီများ ရဲ့လုပ်ဖော်ကိုင်ဖက်လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ House.com.mm ဟာ အိမ်ခြံမြေများသာမက တိုက်ခန်းနှင့် စီးပွားရေးဆိုင်ရာအဆောက်အဦးများကိုရောင်းလို၊ ငှားလို သူများအတွက်သော်လည်းကောင်း၊ ရောင်းရန် ငှားရန် ရှာဖွေသူများအတွက်သော် လည်းကောင်း အွန်လိုင်းတွင်လွယ်ကူစွာ ရှာဖွေနိုင်ရန် စွမ်းဆောင်ပေးတဲ့ အင်တာနက် ကွန်ရက် တစ်ခုဖြစ်သည့် အပြင် အကျိုးဆောင်လုပ်ငန်းစုများနှင့် အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူများရဲ့ ယုံကြည်မှုများပါရရှိ ထားတဲ့အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှားရမ်းခြင်းဆိုင်ရာ အင်တာ နက်ဝဘ်ဆိုဒ် တစ်ခုလည်းဖြစ်ပါတယ်။

MEDIA CONTACT
Ko Di
PR Manager House.com.mm
Email:
Phone: 09-966491252
Address: No. 10/ Kha Paung Street, Hlaing Township, Yangon

Visit House.com.mm on Facebook, Twitter, Google+ and LinkedIn



No comments:

Post a Comment