Latest News

Saturday, March 18, 2017

အနာဂတ်နှင့်ပတ်သက်ပြီး မကြာခင်ကြေညာမည်ဟုအာစင်ဝင်းဂါးပြော

အနာဂတ်နှင့်ပတ်သက်ပြီး မကြာခင်ကြေညာမည်ဟုအာစင်ဝင်းဂါးပြော

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက သူ့အနာဂတ်နဲ့ ပက်သက်လို့ မကြာခင် အချိန်အတွင်း ကြေညာသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ၀က်စ်ဘရွန်းကို မနေ့က ပရီးမီးယားလိဂ် ပွဲစဉ်မှာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးတဲ့ပွဲပြီး နောက်ပိုင်းမှာ နည်းပြ ၀င်းဂါးအပေါ်မှာ ဖိအားတွေလည်း ပိုများလာခဲ့ပါတယ်။

အသက် ၆၇ နှစ်အရွယ် နည်းပြ ၀င်းဂါးကတော့ သူ ဘာလုပ်ရမလဲ ဆိုတာကို သိကြောင်းနဲ့ မကြာခင်မှာ ဆုံးဖြတ်သွားမယ်လို့ ပြောဆိုထားပါတယ်။

အာဆင်နယ် ပရိသတ်တွေကလည်း နည်းပြကို အသင်းမှာ ဆက်မနေဖို့ ထွက်ခွာသွားဖို့ ဆန္ဒပြ ဖိအားပေးတွေ ပြုလုပ်နေပါတယ်။

အာဆင်နယ်အသင်းဟာ နှစ်တိုင်း ပရီးမီးယားလိဂ်မှာ အဆင့် ၄ ၀င်လေ့ ရှိပေမယ့် လတ်တလောမှာ အဆင့် ၅ နေရာမှာ ရှိနေပြီး အဆင့် ၄ နေရာဝင်ဖို့ မသေချာတဲ့ အနေအထားမှာ ရှိနေပါတယ်။ နည်းပြရဲ့ စာချုပ်သက်တမ်းဟာ ဒီနှစ်ရာသီ ကုန်ဆုံးမှာ ဖြစ်ပေမယ့် အသင်းက ၂ နှစ်စာချုပ် သက်တမ်းနဲ့ ကမ်းလှမ်းထားပါတယ်။DVB

No comments:

Post a Comment