Latest News

Thursday, March 9, 2017

လာမယ့်ဘဏ္ဍာနှစ်မှာ အခွန်ငွေ ကျပ် ဘီလီယံ ၂၇၀ ကျော် တိုးမြှင့် ကောက်ခံရန် လျာထား

လာမယ့်ဘဏ္ဍာနှစ်မှာ အခွန်ငွေ ကျပ် ဘီလီယံ ၂၇၀ ကျော် တိုးမြှင့်

ကောက်ခံရန် လျာထား

အစိုးရက အခွန်တိုးမြှင့်ကောက်ခံခြင်းမှာ ကြုံတွေ့နေရတဲ့ ငွေကြေးဖောင်းပွမှု လျှော့ချရန် နည်းလမ်းတစ်ခုဖြစ်ကြောင်း စီးပွားရေးပညာရှင်အချို့က သုံးသပ်ထားပါတယ်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင် အခွန်အကောက် ကျပ် ဘီလီယံ ၆,၅၀၀ ခန့် ကောက်ခံသွားရန် ၂၀၁၇ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမှာ ထည့်သွင်းရေးဆွဲထားတယ်လို့ ဆိုပါတယ်။ ထိုပမာဏမှာ ယခင် ဘဏ္ဍာနှစ်ကထက် ကျပ် ဘီလီယံ ၂၇၀ ကျော် တိုးမြှင့်ကောက်ခံရန် လျာထားခြင်းဖြစ်ပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ အခွန်ငွေပမာဏ ကျပ် ဘီလီယံ ၆,၂၀၀ ကျော် လျာထားခဲ့ကြောင်း 7Day Daily သတင်းမှာ ဖော်ပြပါတယ်။ ဝင်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန်မှ အခွန်အများဆုံးရရှိရန် လျာထားပြီး ဝင်ငွေခွန်မှ ကျပ် ဘီလီယံ ၂,၄၀၀ ခန့်နဲ့ ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ် ဘီလီယံ ၁,၇၀၀ ကျော် ရရှိရန် လျာထားပါတယ်။

နိုင်ငံပိုင် သယံဇာတများ ထုတ်ယူသုံးစွဲမှုမှ အခွန်အကောက် ကျပ် ဘီလီယံ ၉၀၀ ခန့်နဲ့ အကောက်ခွန်မှ ကျပ် ဘီလီယံ ၄၉၀ ရရှိရန် လျားထားတယ်လို့ ဆိုပါတယ်။ အစိုးရက အခွန်တိုးမြှင့်ကောက်ခံခြင်းမှာ ကြုံတွေ့နေရတဲ့ ငွေကြေးဖောင်းပွမှု လျှော့ချရန် နည်းလမ်းတစ်ခုဖြစ်ကြောင်း စီးပွားရေးပညာရှင်အချို့က သုံးသပ်ထားပါတယ်။ အခွန်ပိုမိုကောက်ခံနိုင်ပါက လက်ရှိတွေ့ကြုံနေရတဲ့ ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချနိုင်မည်ဖြစ်ပြီး ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတို့ကို လျှော့ချနိုင်မယ်လို့ စီးပွားရေးပညာရှင် ဦးလှမောင်က ဆိုပါတယ်။ ‘
‘အရင်အစိုးရအဆက်ဆက်က အခွန်ကောက်ခံဖို့ အားနည်းခဲ့တဲ့အတွက် ငွေကြေးဖောင်းပွမှု တွေ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ ကြုံခဲ့ရတယ်။ ဖွံ့ဖြိုးတဲ့နိုင်ငံတွေက ငွေဖောင်းပွမှု၊ ကုန်ဈေးနှုန်း  ကြီးမြင့်မှုတွေကို အခွန်စနစ်နဲ့ ထိန်းဖို့ကြိုးစားလေ့ရှိတယ်’’ လို့ စီး ပွားရေးပညာရှင် ဦးလှမောင်က ပြောကြားမှုကို 7Day Daily သတင်းမှာ ဖော်ပြထားပါတယ်။ အခွန်ကောက်ခံရရှိငွေများကို ပညာရေး၊ ကျန်းမာရေး၊ တည်ဆောက်ရေး အပါအဝင် ဝန်ထမ်းလစာ၊ စရိတ်များ ထောက်ပံ့မှုတို့အတွက် ပြန်လည် ကုန်ကျခံခြင်းဖြင့် ပြည်သူထံမှ ငွေကိုရယူပြီး ပြည်သူ့အတွက် ပြန်လည်သုံးစွဲပေးတဲ့ ပုံစံမျိုးဖြစ်တာကြောင့် ငွေကြေးလည်ပတ်မှု ပိုမိုအားကောင်းလာကြောင်း ဦးလှမောင်က သုံးသပ်ပါတယ်။

အခွန်မဆောင်တဲ့ လုပ်ငန်းများ၊ ကုန်သွယ်ရေးလုပ်ကုန်နေမှုများကို စနစ်တကျ ထိန်းသိမ်းအရေးယူမှုများ ပြုလုပ်သင့်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။ အစိုးရသစ်ရဲ့ ပထမနှစ်ဝက်ကာလဖြစ်တဲ့ ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ အခွန်ကောက်ခံရရှိမှုဟာ မူလ လျာထားချက်ထက် ကျပ် ဘီလီယံ ၄၀၀ ကျော် ပိုမိုကောက်ခံရရှိခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြောထားပါတယ်။
Source: 7Day Daily: Duwun


No comments:

Post a Comment