အီးယူအမတ်တွေကို အရူးတွေလို့ ဒူတားတေး ပြော
ဖိလစ်ပိုင်နိုင်ငံမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်နေတာတွေကို အမျိုးမျိုး ဝေဖန်ပြစ်တင်နေကြတဲ့ ဥရောပနိုင်ငံတွေက ဥပဒေပြုအမတ်တွေဟာ အရူးတွေပဲလို့ မြန်မာနိုင်ငံမှာ အလည်အပတ်ရောက်ရှိနေတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတားတေးက ပြောကြားလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံရဲ့ မူးယစ်ဆေး ဖြန့်ဖြူးရောင်းဝယ်သူတွေကို နှိမ်နင်းရေးလုပ်ငန်းမှာ တရားလက်လွတ် သတ်ဖြတ်မှုတွေ အများအပြားရှိနေတယ်လို့ အီးယူလွှတ်တော်မှာ ပြောဆိုခဲ့တာကို သမ္မတ ဒူတားတေးက တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ရောက်နေကြတဲ့ ဖိလိပိုင်နိုင်ငံသားတွေနဲ့ မနေ့ညက တွေ့ဆုံရာမှာ သူက ဒီအရူးတွေကို ကျုပ်နားကိုမလည်နိုင်ဘူး။ ဘာကြောင့် ကျုပ်တို့နိုင်ငံအရေးမှာ ဝင်စွက်နေချင်ကြတာလဲ မသိဘူးလို့ ပြောသွားပါတယ်။
ဖိလစ်ပိုင်နိုင်ငံ မူးယစ်ဆေး ဖြန့်ဖြူးရောင်းဝယ်သူတွေ နှိမ်နင်းရေးစီမံချက်မှာ လူပေါင်း ၂၅၀၀ လောက်ကို သတ်ဖြတ်နိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ကြေညာထားပြီး လူ့အခွင့်အရေးအဖွဲ့တွေကတော့ အသတ်ခံရသူပေါင်း ၅၀၀၀ လောက်ရှိနေပြီလို့ ပြောဆိုနေကြပါတယ်။
သမ္မတ ဒူတားတေးက ဒီစီမံချက်ကို မူးယစ်ဆေးဝါး ဂိုဏ်းတွေ မကုန်မချင်း ရပ်တန့်သွားမှာ မဟုတ်ဘူး။ လမ်းကြိုလမ်းကြား ဖြန့်ဖြူးသူတွေကိုပါ ရှင်းလင်း သုတ်သင်သွားမယ်လို့ ပြောသွားပါတယ်။
Photo: Myanmar State Counsellor Office/RFA
Monday, March 20, 2017
အီးယူအမတ်တွေကို အရူးတွေလို့ ဒူတားတေး ပြော
အီးယူအမတ်တွေကို အရူးတွေလို့ ဒူတားတေး ပြော
Reviewed by Ar Ti
on
7:36 AM
Rating: 5
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiMh5s6OI_tpriDZqDtwDqS7yoevIcrIwD_vML5P5pD_XIb3DJkDwUVMBEAJZyNQLhHjZtFpzWMUjYO9-Ezx1rO1WmMrJtn5qOgO1SVjsc22aydhufzUo9ZOdvobwcoEu9ZXBkw_25E_U/s72-c/FB_IMG_1490020495414.jpg)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment