စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ချက်များနှင့် မကိုက်ညီပါက တိုင်းရင်းဆေးဝါး မှတ်ပုံတင် (အသစ်)များ ခွင့်ပြုပေးမည်မဟုတ်
နေပြည်တော် ၊ ၂၀-၃-၂၀၁၇
တိုင်းရင်းဆေးဝါး မှတ်ပုံတင် လျှောက်ထားခြင်း ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ၊ သတ်မှတ်ချက်များ နှင့် မကိုက်ညီပါက တိုင်းရင်းဆေးဝါး မှတ်ပုံတင် (အသစ်)များ ခွင့်ပြုပေးမည် မဟုတ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေး အဖွဲ့၏ ထုတ်ပြန် သတင်းများအရ သိရသည်။
တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေး အဖွဲ့၏ အစည်းအဝေး အမှတ်စဉ် (၃/၂ဝ၁၇)မှ လိုက်နာ ဆောင်ရွက်ရန် သတ်မှတ်ချက်များကို မတ်လ ၁၇ ရက်က ထုတ်ပြန်ကြေညာ ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည် နှင့်အညီ အာဆီယံ စီးပွားရေး အသိုက်အဝန်း (ASEAN Economic Committee) သို့ဝင်ရောက်ရမည် ဖြစ်သဖြင့် အာဆီယံနိုင်ငံ များမှ သတ်မှတ်ထားသော စံချိန်စံညွှန်း များနှင့် ကိုက်ညီမှု ရှိစေရန်နှင့် မြန်မာနိုင်ငံတွင် စံချိန်စံညွှန်းများ တစ်သမတ်တည်း ဖြစ်စေရန် ဆောင်ရွက်ရမည် ဖြစ်သောကြောင့် တိုင်းရင်းဆေးဝါး မှတ်ပုံတင် လျှောက်ထား ခြင်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ၊ သတ်မှတ်ချက်များ နှင့်မကိုက်ညီပါက တိုင်းရင်းဆေးဝါး မှတ်ပုံတင် (အသစ်)များ ခွင့်ပြုပေးမည် မဟုတ်သကဲ့သို့ တိုင်းရင်းဆေးဝါး များတွင် အနောက်တိုင်း ဆေးများ ရောနှောခြင်း တွေ့ရှိပါကလည်း တည်ဆဲ ဥပဒေအရ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း ကိုခွင့်မပြုခြင်း ၊ လိုင်စင် ရုပ်သိမ်းခြင်း၊ ကြီးကြပ်သူ၏ တဆ (တိုင်းရင်းဆေးဆရာ မှတ်ပုံတင်) ရုပ်သိမ်းခြင်းများ ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရတနာပုံနေ့စဉ်သတင်းစာ
Monday, March 20, 2017
စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ချက်များနှင့် မကိုက်ညီပါက တိုင်းရင်းဆေးဝါး မှတ်ပုံတင် (အသစ်)များ ခွင့်ပြုပေးမည်မဟုတ်
စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ချက်များနှင့် မကိုက်ညီပါက တိုင်းရင်းဆေးဝါး မှတ်ပုံတင် (အသစ်)များ ခွင့်ပြုပေးမည်မဟုတ်
Reviewed by Ar Ti
on
2:11 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment