Latest News

Thursday, March 30, 2017

ငွေရှိမှ ကျန်းမာမည် ဆိုသည့်အခြေအနေကို ပြောင်းလဲပစ်မည်ဟုဒေါ်အောင်ဆန်းစုကြည်ဆို

ငွေရှိမှ ကျန်းမာမည် ဆိုသည့်အခြေအနေကို ပြောင်းလဲပစ်မည်ဟုဒေါ်အောင်ဆန်းစုကြည်ဆို


နေပြည်တော်၊ မတ် ၃၁

အစိုးရသစ်အနေဖြင့် ကျန်းမာရေးနှင့်ပညာရေးကဏ္ဍများကို အထူးအလေးပေးဆောင်ရွက်လျှက်ရှိရာ ၂၀၁၇ မှ ၂၀၂၁ ခုနှစ် အထိအမျိုးသားကျန်းမာရေးစီမံကိန်းကို စတင်အကောင်အထည်ဖော်ဆောင်ရွက်တော့မည်ဖြစ်သည်။

အဆိုပါစီမံကိန်း၏အဓိကရည်ရွယ်ချက်မှာကျန်းမာရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင်နွမ်းပါးသူဦးစားပေးမည်ဖြစ်ပြီး(၂၀၂၀)ပြည့်နှစ်အရောက်တွင်အခြေခံကျသောကျန်းမာရေးစောင့်ရှောက်မှုများကိုငွေကြေးကုန်ကျမှုနည်းပါးစွာဖြင့်နေရာဒေသမရွေးရရှိနိုင်ရန်စီစဉ်ထားသည်။

နေပြည်တော်တွင် မတ်လ ၃၁ ရက်နေ့က ကျင်းပပြုလုပ်သောအမျိုးသား အဆင့်ကျန်းမာရေးစီမံကိန်းစတင်ဆောင်ရွက်ခြင်းအခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က"ယခုဘဏ္ဍာနှစ်ကစပြီးကျန်းမာရေးနဲ့ပညာရေးကဏ္ဍတွေအတွက်ဘက်ဂျက်တွေပိုချပေးထားပါတယ်။ နိုင်ငံတစ်နိုင်ငံအတွက်အလိုအပ်ဆုံးကျန်းမာရေးကောင်းဖို့ဆိုတဲ့အချက်ကိုအဓိကထားဆောင်ရွက်သွားမှာပါ။ ငွေရှိမှ၊ပိုက်ဆံရှိမှကျန်းမာရေးကောင်းနိုင်မယ်၊ ဆေးကုသနိုင်မယ်ဆိုတဲ့အခြေအနေကို အရင်ဆုံးပြောင်းလဲပစ်ရပါမယ်။"ဟု အဖွင့်မိန့်ခွန်းတွင်ထည့်သွင်း ပြောကြားခဲ့သည်။

စီမံကိန်းအရ(၂၀၂၀) ခုနှစ်တွင်အခြေခံကျန်းမာရေးစောင့်ရှောက်မှု(၂၀၂၅)ခုနှစ်တွင်တဆင့်မြင့်ကျန်းမာရေးဝန်ဆောင်မှု(၂၀၃၀) ခုနှစ်တွင်ပြီးပြည့်စုံသောကျန်းမာရေးဝန်ဆောင်မှုများကို၎င်းရရှိသွားစေရန်ဆောင်ရွက်သွားမည်ဟုသိရသည်။

အောင်ပြည့်စုံ(Popular)

No comments:

Post a Comment