Latest News

Tuesday, March 14, 2017

စန္ဒီမြင့်လွင်ရဲ့ အကယ်ဒမီပွဲတက်ဖက်ရှင်

စန္ဒီမြင့်လွင်ရဲ့ အကယ်ဒမီပွဲတက်ဖက်ရှင်

ယခုနှစ် အကယ်ဒမီပေး ပွဲသို့ တက်ရောက်မည်ဖြစ်ပြီး ပေါ့ ပေါ့ပါးပါးနှင့် လူငယ်ဆန်သော ပွဲတက်ဖက်ရှင်ပုံစံကိုသာ ဝတ် ဆင်မည်ဟု စန္ဒီမြင့်လွင်က ပြော သည်။

ယခုနှစ်အတွင်း တစ်ကိုယ် တော်အခွေသစ် မထွက်နိုင်သော် လည်း သီချင်းသစ်များ သီဆိုရန် ရှိကြောင်း တေးသံရှင် စန္ဒီမြင့် လွင်က ပြောသည်။

‘‘ငါးခွေမြောက်အတွက်က တော့ သီချင်းတွေတော့ စုနေပါ တယ်။ ရှေ့နှစ် ၂၀၁၈ လောက်မှ ထွက်ဖြစ်ဖို့များပါတယ်။ ဒီကြား ထဲ Single Song အနေနဲ့တော့ ဆိုဖြစ်မှာပါ။ သီချင်းသစ်တွေ တော့ လုပ်နေပါတယ်။ စိတ်ကူး ပေါက်ရင်လည်း ထုတ်ဖြစ်ပါ မယ်’’ဟု ၎င်းက ပြောသည်။

စန္ဒီမြင့်လွင်သည် လေးခွေ မြောက် တစ်ကိုယ်တော်ခွေ 'Queen' ဒီဗီဒီကို ဇန်နဝါရီကထွက်ရှိခဲ့ပြီး လက်ရှိတွင် အခွေသစ်စီစဉ်နေပြီး သီချင်းသစ်များ ကိုလည်း တစ်ပုဒ်ချင်းထွက်ရှိနိုင် ရန် စီစဉ်မည်ဟု ဆိုသည်။

‘‘အကယ်ဒမီပွဲလည်း တက် ဖြစ်ပါမယ်။ အောင်သမာဓိက စိန်တွေ၊ ရွှေတွေ ဆင်မယ်။ ဝတ်စုံကတော့ ချိတ်က ယဉ်သူ ထိုက်က မငယ်နဲ့ မပုံ့က ချုပ်ပေးမယ်။ ဒီးဒီက ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ပုံစံပဲ။ အရမ်း လေးလေးပင်ပင်တွေ လည်း မနေတတ်။ အရမ်းကျပ် ကျပ်ထုပ်ထုပ် မနေတတ်တော့ မြန်မာဝတ်စုံကို ဝတ်နေကျပုံစံ ရိုးရိုးလေးနဲ့ အကောင်းဆုံးဖြစ် အောင်ပဲ ဝတ်သွားမယ်’’ဟု အကယ်ဒမီဖက်ရှင်နှင့်ပတ်သက် ၍ စန္ဒီမြင့်လွင်က ပြောသည်။

ယခုနှစ် အကယ်ဒမီပေးပွဲ တွင် သရုပ်ဆောင် မြင့်မြတ်ကို ရစေလိုကြောင်း ၎င်းက ပြော သည်။မြင့်မြတ်သည် ‘ခိုးဆိုးလု နှိုက်’ဇာတ်ကားဖြင့် အကယ်ဒမီ တစ်ကြိုခန့်မှန်းစာရင်းတွင် ပါဝင် နေသည်။

၂၀၁၆ အကယ်ဒမီဆုပေးပွဲ ကို မတ်လ ၁၈ ရက်တွင် ပြည်သူ့ ရင်ပြင်၌ ကျင်းပမည်ဖြစ်သည်။

7Day News Journal

No comments:

Post a Comment