Latest News

Wednesday, March 8, 2017

တပ်မတော် ပင်လယ်သွားဆေးရုံသင်္ဘော(သံလွင်) ပြန်လည်ရောက်ရှိ၊ ဒေသခံပြည်သူ ၉၂၃၁ ဦးအား ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

တပ်မတော် ပင်လယ်သွားဆေးရုံသင်္ဘော(သံလွင်) ပြန်လည်ရောက်ရှိ၊ ဒေသခံပြည်သူ ၉၂၃၁ ဦးအား ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ မတ် ၈

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော် ပင်လယ်သွားဆေးရုံသင်္ဘော (သံလွင်) သည် ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသများနှင့် ဟိုင်းကြီးကျွန်းမြို့တို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထိုသို့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၉၆၃ဦး၊ ခွဲစိတ်ရောဂါ ၁၂ဝ၉ ဦး၊ ကလေးရောဂါ ၈၆၁ ဦး၊ သားဖွား/ မီးယပ်ရော ဂါ ၄၈၇ ဦး၊ အရိုးရောဂါ ၁၁၆၅ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၁ဝ၆၉ ဦး၊ မျက်စိရောဂါ ၁၆၇၂ ဦးနှင့် သွားရောဂါ ၈၀၅ ဦး၊ စုစုပေါင်း ဒေသခံပြည် သူ ၉၂၃၁ ဦးတို့ကို လိုအပ်သည့် ဆေးဝါး ကုသမှုများဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ်လူနာ ၂၂၂ ဦး၊ သွားရောဂါလူနာ ၈၃၉ဦးနှင့် အထွေထွေခွဲစိတ်လူနာ ၁၂၃ ဦးတို့ကို ဆေးရုံသင်္ဘောပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးကာ ဓာတ်မှန်ရိုက်လူနာ ၈ဝ၁ ဦးနှင့် ECG စက်ဖြင့်နှလုံး စမ်းသပ်လူနာ ၆၂၆ ဦးတို့ကို ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ထို့ပြင်ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ ၄၂၆ဦးအား ဆေးရုံသင်္ဘောပေါ်တွင် ဆေးရုံတင်ကုသပေးပြီး ဆေးရုံလွှဲပြောင်းကုသရန် လိုအပ်သော လူနာ၃၁ ဦးအား သက်ဆိုင်ရာမြို့များရှိ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော(သံလွင်)ဖြင့် ယခုသွားရောက်သော ကျန်းမာရေးစောင့်ရှောက်မှု ခရီးစဉ်သည် ပဉ္စမအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်အဖြစ် ကိုကိုးကျွန်းမြို့နှင့် ဟိုင်းကြီးကျွန်းမြို့၊ ဒုတိယကြိမ်အဖြစ် ရခိုင်ကမ်းရိုးတန်းဒေသ၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ်အဖြစ် တနင်္သာရီ ကမ်းရိုးတန်း ဒေသများသို့ သွားရောက်၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments:

Post a Comment