တောင်ကိုရီယား ဆမ်းဆောင်ကုမ္မဏီအကြီးအကဲ လီဂျေရမ် အပေါ် စွပ်စွဲထားတဲ့ အကျင့်ပျက်ခြစားမှုနဲ့ ပက်သက်ပြီး စုံစမ်စစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပါတယ်။
တောင်ကိုရီယား သမ္မတ ရဲ့ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံမှာ လီဂျေယမ် ပါဝင်နေပြီး သူ ဟာ တောင်ကိုရီယား သမ္မ ဟတ်ဂွန်းဟေးရဲ့အရင်းနှီးဆုံးမိတ်ဆွေ ချိုဆွန်ဆီ ရဲ့ဖောင်ဒေးရှင်းကို ငွေလှူဒါန်းမှုအပေါ် စွပ်စွဲခံထားရပါတယ်။
ဆမ်းဆောင်းကုမ္မဏီ အကြီးအကဲ ဟာ အစိုးရရဲ့ ကူညီထောက်ပံမှုတွေရဖို့ ဖောင်ဒေးရှင်းဆီ ငွေကြေးလှူဒါန်းတာဖြစ်တယ်လို့ တောင်ကိုရီယားအစိုးရ ရှေနေ့တွေက စွပ်စွဲထားပါတယ်။ လီဂျေရမ် ရဲ့ ကုမ္မဏီ ဟာ ချိုဆွန်ဆီ ရဲ့ဖောင်ဒေးရှင်းကို တောင်ကိုရီယားနိုင်ငံသုံး ၀မ် ၄၁ ဘီလီယံ လှူဒါန်းခဲတယ်လို့ စွပ်စွဲခံထားရပါတယ်။
လီဂျေရမ်ကတော့ သူတို့ ကုမ္မဏီ ငွေလှူဒါန်းမှုနဲ့ မြင့်းတစ်စီး လက်ဆောင်ပေးခဲ့တယ်လို့ ၀န်ခံထားပါတယ်။ လီဂျေရမ်ရဲ့ ရှေနေတွေကတော့ သူရဲ့အမူသည် ဟာ အမှားအယွင်းတစ်စုံတစ်ရာ မလုပ်ထားဘူးလို့ တုံပြန်ထားပါတယ်။
ဆမ်းဆောင်းကုမ္မဏီ အကြီးအကဲ အပေါ် စစ်ဆေးမှု ဟာ ၇ လ ကြာမြင့်မှာဖြစ်ပါတယ်။ လီဂျေရမ်ဟာ လက်ရှိမှာ ဆမ်းဆောင်း ကုမ္မဏီ ဒုတိယအကြီးအကဲဖြစ်တာဝန်ယူနေသူဖြစ်ပါတယ်။
လက်ရှိအချိန်မှာ တောင်ကိုရီးယား သမ္မတ ပတ်ဂွန်းဟေး ဟာ အကျင့်ပျက်ခြစားမှုနဲ့ ပက်သက်ပြီး စွပ်စွဲပြစ်တင်ခံထားရပြီး ဖွဲစည်းပုံအခြေခံဥပဒေ ရုံးက လာမယ့်ရက်ပိုင်းမှာ အပြီးသတ် ဆုံးဖြတ်ချက် ချတော့မှာဖြစ်ပါတယ်။
ref bbc
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်
Thursday, March 9, 2017
တောင်ကိုရီယား ဆမ်းဆောင် ကုမ္မဏီအကြီးအကဲကို စတင်စစ်ဆေး
တောင်ကိုရီယား ဆမ်းဆောင် ကုမ္မဏီအကြီးအကဲကို စတင်စစ်ဆေး
Reviewed by timeayeyar
on
9:55 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment