Latest News

Thursday, March 9, 2017

ဂုတ်ထိပ်တံတားလုံခြုံရေးထောင်ထားသည့် ဗုံးနင်းမိ၍ သုံးဦးဒဏ်ရာရ

ဂုတ်ထိပ်တံတားလုံခြုံရေးထောင်ထားသည့် ဗုံးနင်းမိ၍ သုံးဦးဒဏ်ရာရ

 ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဂုတ်ထိပ်တံတားအနီးတွင် တံတားလုံခြုံရေးအတွက် ထောင်ထားသည့် ဗုံးကို နင်းမိ၍ ဂုတ်ထိပ်ကျေးရွာမှ ကလေးနှစ်ဦးအပါအဝင် စုစုပေါင်း ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ ၃ ဦးသည် ပြင်ဦးလွင် ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်၇ှိကြောင်း သိရသည်။

ဂုတ်ထိပ်တံတားလုံခြုံရေးအတွက် ထောင်ထားတဲ့ဗုံးကို မတ် ၉ရက် နေ့လယ် ၁၂နာရီက ကျွဲပျောက်လိုက်ရှာတဲ့ ဂုတ်ထိပ်ကျေးရွာမှ အသက် ၁၁နှစ်ရွယ်လေးတန်းစာမေးပွဲဖြေထားသူတစ်ဦး၊ အသက် ၁၃နှစ်အရွယ် ငါးတန်းကျောင်းသားတစ်ဦးနှင့် အသက်၂၄နှစ်အရွယ် အမျိုးသားတို့က နင်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ ဗုံးလို့သိရတယ်။ ဘယ်ဘက်က ထောင်ထားတယ်ဆိုတာတော့ မသိပါဘူး။ တံတားလုံခြုံရေးအတွက် ထောင်ထားတယ်ပြောတယ်။ ထောင်ထားတာလည်း ကြာနေပြီလို့သိရတယ်။ လေးတန်းကျောင်းသားလေးကတော့ ခြေထောက်ဖြတ်လိုက်ရတယ်။ ကျန်တဲ့သူတွေကတော့ သိပ်မစိုးရိမ်ရဘူး ”. ဟု  ပြင်ဦးလွင်မြို့ နှလုံးလှကြယ်စင် သွေးနှင့် မသန်းစွမ်းသူများ ထောက်ပံ့ရေးအသင်းမှ ကိုတိုးကပြောသည်။

ဗုံးကို နင်းမိခဲ့သည့် လေးတန်းကျောင်းသားသည် ခြေထောက်ဖြတ်လိုက်ရ၍ ဦးခေါင်းဒဏ်ရာအနည်းငယ်ရရှိသွားပြီး ကျန်လူများမှာ အနည်းငယ်ပွန်းပဲ့ဒဏ်ရာများသာရရှိခဲ့ကြောင်း သိရသည်။

7Day News Journal

No comments:

Post a Comment