Latest News

Wednesday, March 8, 2017

ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ၀န္ႀကီးခ်ဳပ္ မန္းေဂ်ာ္နီသည္ ပါဠိပထမျပန္စာေမးပြဲမ်ားတြင္ ေအာင္ျမင္ေတာ္မူခဲ့ၾကသည့္ စာေအာင္ ရဟန္း၊ သာမေဏ၊ သီလရွင္မ်ားအား ေအာင္လက္မွတ္ေတာ္ႏွင့္ ပညာဒါနေကာင္းမွုကုသိုလ္ေတာ္ ဆက္ကပ္လွူဒါန္းပြဲ စူဠဘြဲ႕ႏွင္းသဘင္အခမ္းအနားသို႔ တက္ေရာက္

ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ၀န္ႀကီးခ်ဳပ္ မန္းေဂ်ာ္နီသည္ ပါဠိပထမျပန္စာေမးပြဲမ်ားတြင္ ေအာင္ျမင္ေတာ္မူခဲ့ၾကသည့္ စာေအာင္ ရဟန္း၊ သာမေဏ၊ သီလရွင္မ်ားအား ေအာင္လက္မွတ္ေတာ္ႏွင့္ ပညာဒါနေကာင္းမွုကုသိုလ္ေတာ္ ဆက္ကပ္လွူဒါန္းပြဲ စူဠဘြဲ႕ႏွင္းသဘင္အခမ္းအနားသို႔ တက္ေရာက္

 ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ၀န္ႀကီးခ်ဳပ္ မန္းေဂ်ာ္နီသည္ (၈.၃.၂၀၁၇)ရက္ေန႔တြင္ တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠဌ၊ တရားသူႀကီးခ်ဳပ္၊ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ား၊ တိုင္းေဒသႀကီးအစိုးရအဖြဲ႕  အတြင္းေရးမွူး၊ တိုင္း/ခရိုင္/ၿမိဳ႕နယ္အဆင့္ တာဝန္ရွိဌာနဆိုင္ရာမ်ားႏွင့္အတူ ပုသိမ္ၿမိဳ႕၊ ဝိသာခါ၊ ေဒၚလွယဥ္ဓမၼာ႐ုံ၌ က်င္းပျပဳလုပ္ေသာ ၂၀၁၆ ခုႏွစ္၊ ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္အစိုးရက ႀကီးမွူးက်င္းပသည့္ အစိုးရဓမၼာစရိယ၊ ပါဠိပထမျပန္စာေမးပြဲမ်ားတြင္ ေအာင္ျမင္ေတာ္မူခဲ့ၾကသည့္ စာေအာင္ ရဟန္း၊ သာမေဏ၊ သီလရွင္မ်ားအား ေအာင္လက္မွတ္ေတာ္ႏွင့္ ပညာဒါနေကာင္းမွုကုသိုလ္ေတာ္ ဆက္ကပ္လွူဒါန္းပြဲ စူဠဘြဲ႕ႏွင္းသဘင္အခမ္းအနားသို႔ တက္ေရာက္ခဲ့ပါသည္။

အခမ္းအနားအား နေမာတႆသုံးႀကိမ္ရြတ္ဆို ဘုရားကန္ေတာ့၍ စတင္ျခင္း၊ ေလးမ်က္ႏွာေက်ာင္း ပရိယတၱိစာသင္တိုက္ ဦးစီးပဓာန နာယက ၿမိဳ႕နယ္သံဃနာယက အဖြဲ႕ဥကၠဌ မဟာသဒၶမေဇာတိကထံမွ ငါးပါးသီလခံယူေဆာက္တည္ျခင္း၊ ၿမိဳ႕နယ့သံဃနာယကအဖြဲ႕ဥကၠဌ မဟာသဒၶမေဇာတိကမွ ၾသဝါဒကထာ ႁမြက္ၾကားျခင္း၊ ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္မွ သာသနာေရးဆိုင္ရာမ်ား ေလၽွာက္ထားျခင္း၊ ၿမိဳ႕နယ္လုံးဆိုင္ရာ သာသနာ့အက်ိဳးေတာ္ေဆာင္အဖြဲ႕၊ ပုသိမ္ဆြမ္းေလာင္းအသင္း ဒုတိယဥကၠဌမွ စူဠဘြဲ႕ႏွင္းသဘင္ အခမ္းအနားႏွင့္ စာေမးပြဲမ်ားတြင္ ေဆာင္ရြက္ထားရွိမွု အေျခအေနအား တင္ျပေလၽွာက္ထားျခင္းတို႔ ေဆာင္ရြက္ခဲ့ပါသည္။

ဆက္လက္၍ ၂၀၁၇ ခုႏွစ္၊ ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္အစိုးရက ႀကီးမွူးက်င္းပသည့္ အစိုးရဓမၼာစရိယ၊ ပါဠိပထမျပန္စာေမးပြဲမ်ားတြင္ ေအာင္ျမင္ေတာ္မူခဲ့ၾကသည့္ စာေအာင္သံဃာေတာ္ အရွင္သူျမတ္တို႔အား ေလးမ်က္ႏွာေက်ာင္း ပရိယတၱိစာသင္တိုက္ ဦးစီးပဓာန နာယက နာယက ၿမိဳ႕နယ္သံဃနာယက အဖြဲ႕ဥကၠဌ မဟာသဒၶမေဇာတိကမွ ေအာင္လက္မွတ္ေတာ္မ်ားအားလည္းေကာင္း၊ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္၊ တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠဌ၊ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ လုံျခဳံေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီးႏွင့္ စည္ပင္သာယာေရးဝန္ႀကီးတို႔မွ ပညာဒါနေကာင္းမွုကုသိုလ္ေတာ္ အလွူေငြမ်ားအားလည္းေကာင္း ဆက္ကပ္လွူဒါန္းခဲ့ၿပီး ၿမိဳ႕နယ္သံဃနာယကအဖြဲ႕ဥကၠဌမွ လွူဒါန္းမွုအစုစုအား အႏုေမာဓနာတရား ေဟာၾကားခ်ီးျမႇင့္၍ ေရစက္သြန္းခ် အမၽွေပးေဝခဲ့ၿပီးေနာက္ ဗုဒၶသာသနံ စိရံတိဌတု သုံးႀကိမ္ရြတ္ဆို ဆုေတာင္းပတၳနာျပဳခဲ့ပါသည္။
Post under by : ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ႕
http://www.ayeyarwadyregion.gov.mm/ayy/Main/page/22/116

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် မန်းဂျော်နီသည် (၈.၃.၂၀၁၇)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့၊ ဝိသာခါ၊ ဒေါ်လှယဉ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သော ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက ကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်စာမေးပွဲများတွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင် ရဟန်း၊ သာမဏေ၊ သီလရှင်များအား အောင်လက်မှတ်တော်နှင့် ပညာဒါနကောင်းမှုကုသိုလ်တော် ဆက်ကပ်လှူဒါန်းပွဲ စူဠဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ စတင်ခြင်း၊ လေးမျက်နှာကျောင်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဌ မဟာသဒ္ဓမဇောတိကထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ မြို့နယ့သံဃနာယကအဖွဲ့ဥက္ကဌ မဟာသဒ္ဓမဇောတိကမှ သြဝါဒကထာ မြွက်ကြားခြင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်း၊ မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင်အဖွဲ့၊ ပုသိမ်ဆွမ်းလောင်းအသင်း ဒုတိယဥက္ကဌမှ စူဠဘွဲ့နှင်းသဘင် အခမ်းအနားနှင့် စာမေးပွဲများတွင် ဆောင်ရွက်ထားရှိမှု အခြေအနေအား တင်ပြလျှောက်ထားခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက ကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်စာမေးပွဲများတွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော် အရှင်သူမြတ်တို့အား လေးမျက်နှာကျောင်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက နာယက မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဌ မဟာသဒ္ဓမဇောတိကမှ အောင်လက်မှတ်တော်များအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် စည်ပင်သာယာရေးဝန်ကြီးတို့မှ ပညာဒါနကောင်းမှုကုသိုလ်တော် အလှူငွေများအားလည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌမှ လှူဒါန်းမှုအစုစုအား အနုမောဓနာတရား ဟောကြားချီးမြှင့်၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီးနောက် ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းပတ္ထနာပြုခဲ့ပါသည်။

Post under by : ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

No comments:

Post a Comment