Latest News

Saturday, March 11, 2017

တနင်္သာရီမြို့တွင် ယာဉ်ငယ်တစီး မီးလောင်မှု ဖြစ်ပွား

တနင်္သာရီမြို့တွင် ယာဉ်ငယ်တစီး မီးလောင်မှု ဖြစ်ပွား



မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ ကော့သောင်း မြိတ်လမ်းမကြီး ကမ္မလိုင်းကျေးရွာ (၅၅၈) တပ်ရင်း မိုင်တိုင်အမှတ် ၉၄ ဒသမ ၅ အနီးမှာ မတ်လ ၁၁ ရက်နေ့ နေ့လယ် ၁၂ နာရီ လောက်က ယာဉ်ငယ်တစီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှုဖြစ်တဲ့ ယာဉ်ငယ်ဟာ ကိုယ်ပိုင် အိမ်စီးကား တစီးဖြစ်ပြီး ကော့သောင်းကနေ မြိတ်မြို့ကို ယာဉ်မောင်း မျိုးဇော် မောင်းနှင်လာချိန် ၀ါယာကြိုးရှော့ခ်ဖြစ်ပြီး မီးလောင်ခဲ့တာဖြစ်ပါတယ်။

ယာဉ်ပေါ်ပါ လူ ၄ ဦး တစုံတရာ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိဘူးလို့ တနင်္သာရီမြို့မရဲစခန်းရုံးက တာဝန်ကျ ရဲတပ်ဖွဲ့ဝင်းတဦးက ပြောသည်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယာဉ်မောင်း မျိုးဇော် ကို တနင်္သာရီမြို့မရဲစခန်းက (ပ) ၆၆/ ၂၀၁၇၊ ရာဇာသတ်ကြီးပုဒ်မ-၂၈၅ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း၊ ဇော်ဇော် (မြိတ်)



DVB

No comments:

Post a Comment