Latest News

Wednesday, March 1, 2017

အကယ်ဒမီ ရွှေကြိုစာရင်းထုတ်ပြန် အမျိုးသားရှစ်ဦး အမျိုးသမီးရှစ်ဦး ရွေးချယ်

အကယ်ဒမီ ရွှေကြိုစာရင်းထုတ်ပြန် အမျိုးသားရှစ်ဦး အမျိုးသမီးရှစ်ဦး ရွေးချယ်

ရန်ကုန်၊ မေ ၁ - အကယ်ဒမီပေးပွဲအတွက် ရွှေကြိုစာရင်းတွေကို ဖေဖော်ဝါရီ ၂၈ က ထုတ်ပြန်လိုက်ပါပြီ။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကြီးမှူးကျင်းပတဲ့ အကယ်ဒမီရွှေကြိုစာရင်းမှာ ယောကျာ်းလေးရှစ်ဦးနဲ့ မိန်းကလေး ရှစ်ဦးရွေးချယ်ထားပါတယ်။ အသက် ၁၇ နှစ် မှ ၂၀ ဝန်းကျင်အရွယ်လေးတွေဖြစ်ပါတယ်။ အနုပညာ အလုပ် အပြင်မြစ်ရထားသူ အချို့လည်းပါဝင်ပြီး ကြော်ငြာ အမ်တီဗီရိုက်ဖူးထားကြပါတယ်။ ရွှေကြိုအချို့ကို   တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
ဟယ်ရီဆန်ပိုင်ငယ် (ခ) သက်ပိုင်ဖြိုး
အနုပညာနာမည်က ဟယ်ရီဆန်ပိုင်ငယ်ပါ။ ရွှေကြိုဝင်ပြိုင်တော့ နာမည်စာရင်း သက်ပိုင်ဖြိုးနဲ့ ဝင်ပြိုင်ရတာပါ။ အမ်တီဗီကြော်ငြာက နှစ်ခု၊ Lip ice နှုတ်ခမ်းနီ၊ First Choice Men Shirt အစရှိတာတွေနဲ့ ကော်ဖီဆိုင်ကြော်ငြာ တွေပါ။ ဒီဇိုင်နာ ကိုမျိုးမင်းစိုး ဘေလ်ဘုတ်ကြော်ငြာလည်း ရိုက်ပေးထားပါတယ်။
ကျွန်တော်က မြိတ်မြို့ကတက်လာတာပါ။ B.Sc(Chem:) နဲ့ ကျောင်းပြီးသွားပါပြီ။  အနုပညာ အရမ်းဝါသနာပါလို့ ရန်ကုန်လာခဲ့တာပါ။ အနုပညာလုပ်တာ သုံးနှစ်၊ လေးနှစ်ရှိပါပြီ။ အခုလိုရွှေကြိုပါတဲ့အတွက်ဝမ်းသာမိပါတယ်။ ကျွန်တော့်ဘဝ အတွက်မှတ်တိုင်တစ်ခုဖြစ်လို့ပါ။ မသိသေးတဲ့ ပရိသတ်တွေရော သိပြီးသား ပရိသတ်တွေကော အားပေးအသိအမှတ်ပြုပေးကြပါ။ ကြိုးစားနေပါတယ်လို့ပြော သွားပါတယ်။
နေခြည် ရွှန်းလက်
အမျိုးသားယဉ်ကျေးမှုတက္ကသိုလ်၊ ပထမနှစ် သရုပ်ဆောင်ပညာကိုသင်ယူနေပါ တယ်။ Miss Universe Magway မှာ First Runner Up ဆုရခဲ့တာပါ။ အနုပညာ လှုပ်ရှားမှုအတွက်ကတော့ ရှိုးပွဲတွေလျှောက်နေပါတယ်။ ပရိုဂရမ်အချို့မှာလည်း ပါဝင်ရိုက်ကူးထားပါတယ်။ ပထမဆုံးပြိုင်တာပါလာတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။ အနုပညာအလုပ်ကို ဆက်လုပ်နေဦးမှာပါ။ အားပေးကြပါလို့ ပြောကြားခဲ့ပါတယ်။
ပြည့်ဝတီမောင်
(Miss Universe Magway Region)
Miss Universe Magway မှာ Winner ဆုရခဲ့တာပါ။ ကြော်ငြာတွေကတော့ ဗလင်တိုင်းဒေးအတွက် Solo အင်္ကျီကြော်ငြာ၊ Gold Rose တိုက်ခန်းကြော်ငြာ အစရှိတာတွေနဲ့ အမ်တီဗီကတော့ ကိုမင်းရဲထွဋ်ပိုင်ရဲ့(အရူးအမူးပဲ ကလေးရယ်)၊ (အတိတ်ရဲ့အရိပ်)၊ကိုအယ်ဘီရဲ့(မျှော်လင့်ခြင်းနေ့သစ်များ)၊ရဲရင့်အောင်ရဲ့အမ်တီဗီ တစ်ပုဒ်မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
UFL(Chinese Language) ပထမနှစ် တက်ရောက်နေပါတယ်။ ရွှေကြိုပါတဲ့ အတွက်အရမ်းပျော်ပါတယ်။ ပြည့်ကိုအစစအရာရာကူညီပေးခဲ့တဲ့ မိဘနှစ်ပါးနဲ့ လက်ဦးဆရာဦးချိုကြီးကိုလည်းကျေးဇူးတင်ပါတယ်။ စင်မြင့်ပေါ်တက်ခွင့်ပေးခဲ့တဲ့ ဒိုင်လူကြီး အားလုံးကိုလည်းဂါဝရပြုပါတယ်။ ပြည့်ဘယ်တော့မှ ရပ်တန့်မနေပါဘူး။ ပရိသတ်တွေဆီအရောက်လာခဲ့မှာပါ။ အနုပညာဆက်လုပ်နေဦးမှာပါလို့ ပြောကြား ခဲ့ပါတယ်။
Everest (ဧဝရက်မိုး)
ဗစ်တိုးရီးယား ယူနီဗာစတီကောလိပ်မှာနောက်ဆုံးနှစ် (Hu- man Resource) ဘာသာရပ်သင်ယူနေပါတယ်။ အသက်က ၁၉ နှစ် ပါ။ အနုပညလှုပ်ရှားမှုက MTV အချို့နဲ့ Ten မိုးကာကြော်ငြာတွေလည်း ရိုက်ကူးထားပါတယ်။ ဘေလ်ဘုတ်တွေလည်း ရိုက်ကူးထားပါတယ်။
အခုရွှေကြိုပါမယ်လို့ ထင်မထားပါဘူး။ အတိုင်းမသိဝမ်းသာမိပါတယ်။ ပရိသတ်တွေလည်း အားပေးကြပါလို့ ပြောသွားခဲ့ပါတယ်။


 မိပုံ့

Kumudra

No comments:

Post a Comment