Latest News

Wednesday, March 8, 2017

မဘသ တည်ဆဲဥပဒေများ လိုက်နာဖို့ သံဃမဟာနာယက အဖွဲ့ မိန့်ကြား

မဘသ တည်ဆဲဥပဒေများ လိုက်နာဖို့ သံဃမဟာနာယက အဖွဲ့ မိန့်ကြား


မဘသအဖွဲ့ အနေနဲ့ တည်ဆဲဥပဒေတွေကို လိုက်နာဖို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က မိန့်ကြား လိုက်ပါတယ်။

မတ်လ (၇) ရက်နေ့က ကျင်းပတဲ့ နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင် သတ္တမအကြိမ် ပဉ္စမ အစည်းအဝေး မနက်ပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ချမ်းမြအောင်စည် စာသင်တိုက် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆော င်ဆရာတော် ဘဒ္ဒန္တ ဥတ္တရသာရရဲ့ အမျိုးသားရေး လက္ခဏာဆောင်သော မဘသအဖွဲ့ ရှိသင့်ပါကြောင်း အကြံပြုလွှာကို ဖြေကြားစဉ်မှာ အဲ့ဒီလို မိန့်ကြားလိုက်တာပါ။

ဒီလိုဖြေကြားရာမှာတော့ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ဆောင်ရွက်နိုင်ရေး ထုတ်ပြန်ထားခြင်း ဖြစ်တာကြောင့် အဲ့ဒီအခြေခံ စည်းမျဉ်း လုပ်ထုံးလုပ်နည်းတွေနဲ့ တည်ဆဲ ဥပဒေတွေအရသာ ဆောင်ရွက်ရမယ်လို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က မိန့်ကြားလိုက်တာဖြစ်ပါတယ်။


 MCN TV (NEWS CHANNEL)

No comments:

Post a Comment